Wednesday, October 1, 2014

ဘာလဲအချစ်ဆိုတာ?

ဘ၀ဆိုတာ လမ်းမရှည်ကြီးတစ်ခုနဲ့ တူတယ်။ အဲဒီလမ်းက မသိခြင်း၊
အံ့သြခြင်းတွေနဲ့ ပြည့်နှက်နေတယ်။

ဘ၀ဆိုတာ ရွေးချယ်မှု ပုဒ်စာနဲ့တူတယ်။ ရွေးချယ်တာနောက်လိုက်ပြီး
ကြုံတွေ့တာတွေ ကွာခြားသွားတယ်။

ဘ၀ဆိုတာ ပြိုင်ပွဲတစ်ခုနဲ့တူတယ်။ အနိုင်အရှုံးက အရေးမကြီးဘူး။ အဓိကက
ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံပဲ။

ဘ၀ဆိုတာ ရေနွေးကြမ်းတစ်ခွက်နဲ့ တူတယ်။ သောက်စမှာ ခါးသက်ပေမယ့်
ဇိမ်ခံသောက်ကြည့်ရင် ချိုမြမြ အရသာကို နောက်ဆုံးမှာ ခံစားရတယ်။

ဘ၀ဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ လူတစ်ချို့က ကိုယ့်ကိုယ်ကို
ထွန်းတောက်အောင် သရုပ်ဆောင်တတ်ပေမယ့် တစ်ချို့က အရံအဖြစ်နဲ့သာ တစ်သက်လုံး
သရုပ်ဆောင်ကြတယ်။

ဘ၀ဆိုတာ လှိမ့်နေတဲ့ ကျောက်ခဲတစ်လုံးနဲ့တူတယ်။ ငယ်ရွယ်စဉ် ချွန်ထက်နေတဲ့
ကျောက်ခဲမှသည် အိုမင်းချိန် လုံးချောတဲ့ ကျောက်ခဲအဖြစ်သို့ လှိမ့်နေရတယ်။

ဘ၀ဆိုတာ ၀င်္ကဘာတစ်ခုနဲ့တူတယ်။ ထွက်လမ်းတွေကို မပြတ်ရှာရင်း
ကိုယ်နဲ့သင့်တော်မယ့်လမ်း တစ်ခုကို ရှာကြရတယ်။


အချစ်ဆိုတာ ပူနွေးမွေးကြိုင်နေတဲ့ ကော်ဖီတစ်ခွက်နဲ့တူတယ်။ အေးသွားတာနဲ့
ခါးသက်သွားတယ်။

အချစ်ဆိုတာ ဂွမ်းထဲမှာ အပ်စိုက်ထားသလိုပဲ။ အကိုင်မတတ်ရင် ကိုယ့်ကိုယ်ပြန်စူးစေတယ်။

အချစ်ဆိုတာ သဲနဲ့တူတယ်။ တင်းတင်းဆုပ်ကိုင်ထားလေလေ သဲတွေက လက်ထဲကနေ ထွက်ကျလေလေပဲ။

အချစ်ဆိုတာ မာရသွန်ပြေးနေတာနဲ့တူတယ်။ တာထွက်ကောင်းပေမယ့်
တာဝင်လိမ့်မယ်လို့ တစ်ထစ်ချပြောလို့ မရဘူး။

အချစ်ဆိုတာ ကြိုးထိန်းတဲ့ လက်နဲ့တူတယ်။ ကိုယ့်ကိုယ်ကို
ရုပ်သေးရုပ်တစ်ရုပ် ဖြစ်ချင်ခဲ့ပြီး လက်ရဲ့ ကြိုးဆွဲရာနောက်သာ
လိုက်ကချင်ခဲ့တယ်။

(၁) လူရယ်လို့ဖြစ်လာရင် ပျော်ရွှင်ရမယ်။ ကိုယ့်အတွက် ပျော်ရွှင်သလို
သူ့အတွက်လဲ ပျော်ရမယ်။ ပျော်ရွှင်တဲ့လူဟာ အလှပဆုံးဖြစ်တယ်။ ဆွဲဆောင်မူ
အရှိဆုံးဖြစ်တယ်။ ယောက်ျားလေးတွေ အသက်ရှင်တာ မေ့လျော့ခြင်းကို
လက်ကိုင်ထားလို့။ မိန်းကလေးတွေ အသက်ရှင်တာ မှတ်သားခြင်းကို
လက်ကိုင်ထားလို့။


(၂) လင်မယားဆိုတာ ကပ်ကြေးတစ်လက်နဲ့တူတယ်။ ထက်မြက်တဲ့ အသွားနှစ်ခုဟာ
ဘယ်တော့မှ မခွဲဘူး။ ဆန့်ကျင်ဖက် ဖြစ်နေပါစေ ကြားဝင်လာတဲ့ပစ္စည်းကိုတော့
အသွားနှစ်ဖက်ပေါင်းပြီး ညှပ်ပစ်လိုက်နိုင်တယ်။

(၃) လူငယ်တွေရဲ့ အိပ်မက်ဟာ အချစ်၊ ငွေကြေးနဲ့ ကျန်းမာရေးတဲ့။
ဒါပေမဲ့တချိန်ချိန်မှာတော့ ကျန်းမာရေး၊ ငွေကြေးနဲ့ အချစ်လို့
ပြောင်းလဲသွားတာကိုသူတို့ သတိပြုမိကြလိမ့်မယ်။


(၄) မိန်းကလေးတွေဟာ စကားပြောတဲ့ အချိန်မှာ သူတို့ကို လျစ်လျူရှူထားတဲ့
ယောက်ျားတွေနဲ့ပြောရင် အသံကျယ်ကျယ်နဲ့ ပြောတယ်။ သူတို့ကို ပျော်အောင်
စိတ်လှုပ်ရှားအောင်လုပ်တဲ့ ယောက်ျားတွေနဲ့ ဆိုရင် အသံတိုးတိုးနဲ့ပြောတယ်။
သူတို့တကယ်ချစ်တဲ့ ယောက်ျားလေးနဲ့ကျတော့ အသံတိတ်နေတတ်တယ်။



(၅) ယောက်ျားလေးတွေအတွက် လက်ထပ်ခြင်းဆိုတာ သူတို့ရဲ့ လွတ်လပ်မူနဲ့
လောင်းကစားလုပ်တာပဲ။ မိန်းကလေးတွေကတော့ သူတို့ရဲ့
ပျော်ရွှင်ခြင်းနဲ့လောင်းကစားလုပ်တာပဲ။


(၆) အချစ်ဆိုတာ မီးတအိမ်နဲ့ တူတယ်။ အတွင်းစိတ်မှာရှိတဲ့ ဆီနဲ့
ထွန်းညှိမှသာ မီးရဲ့ အလင်းရောင်ဟာ မမှိန်နိုင်ဘူး။ မညိမ်းနိုင်ဘူး။


(၇) ယောက်ျားလေးတွေ စီးကရက်တလိပ် သောက်ပြီး စိတ်ဖြေတာဟာ မိန်းကလေးတွေ
တခါလောက် အားရပါးရ ငိုလိုက်တာနဲ့ ညီမျှတယ်။

(၈) မိန်းကလေးတွေရဲ့ နုပျိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော်သိလိုက်ပြီ။
အဲဒါကတော့ အသက်လိမ်ခြင်းပဲ။


(၉) အချစ်ကို မျက်စိနဲ့ မခံစားဘူး။ အချစ်ကို နှလုံးသားနဲ့ ခံစားတာ။


(၁၀) မိန်းကလေးတိုင်း ရွေးချယ်မူတခုကို ရင်ဆိုင်ရမှာပဲ။
လူချစ်လူခင်ပေါတဲ့ ယောက်ျားလေးကို လက်ထပ်ရင် စိတ်မချဘူး။
လူချစ်လူခင်နည်းတဲ့ယောက်ျားလေး ကျပြန်တော့ စိတ်မပါဘူး။


(၁၁) အချစ်ဆိုတာ ချောက်ကမ်းပါးဘေးမှာ ပေါက်နေတဲ့
ပန်းတပွင့်နဲ့တူတယ်။အဲဒီပန်းကို ခူးဖို့ရာ သတ္တိတွေရှိရမယ်။


(၁၂) အချစ်ဟာ ဘ၀ကို လောင်မြိုက်စေတယ်။အချစ်ဟာ ရှင်သန်ခြင်းကို စိုပြေစေတယ်။


(၁၃) လူတွေရဲ့ အချစ်ကို မခံရတာ ကြီးမားတဲ့ ဝေဒနာဆိုးတရပ် ခံရတာနဲ့တူတယ်။
လူတွေကို မချစ်နိုင်တဲ့သူဟာ ရှင်လျှက်နဲ့ သေနေတာနဲ့ တူတယ်။



(၁၄) အချစ်ကို နားမလည်ခင်မှာ မိန်းကလေးဟာ မိန်းကလေး
မဟုတ်သလိုယောက်ျားလေးဟာလဲ ယောက်ျားလေးမဟုတ်ဘူး။

(၁၅) ချစ်ခြင်း မေတ္တာဆိုတာ လူ့ဘ၀မှာ ပျံ့နှံ့နေတယ်။
ချစ်ခြင်းမေတ္တာမရှိရင်ဘာသာ၊ သမိုင်း၊ စိတ်ကူးယဉ်မူနဲ့ အနုပညာဆိုတာလဲ
ရှိမှာမဟုတ်ဘူး။


(၁၆) ငွေကြေးကြောင့် လက်ထပ်တဲ့လူလောက် ယုတ်မာတာ
မရှိဘူး။အချစ်တခုတည်းအတွက်နဲ့ လက်ထပ်တဲ့လူလောက် မိုက်မဲတာ မရှိဘူး။


(၁၇) သာယာတဲ့ အိမ်ထောင်ရေးဆိုတာ နှစ်ဦးနှစ်ဖက်မှာ
တူညီတဲ့ခံစားမူတွေရှိရမယ်။ တယောက်လွတ်လပ်မူကို တယောက်က
ဝင်မစွက်ဖက်ရဘူး။ပေါင်းဖက်ရခြင်းကို တန်ဖိုးထားရမယ်။ ချစ်ခင်မူကို
ထိန်းသိမ်းရမယ်။ ဒီအချက်တွေကို လက်ကိုင်ထားရင် လက်ထပ်ခြင်းဆိုတာ
ယောက်ျားလေးနဲ့ မိန်းကလေးအတွက် အလှဆုံးနဲ့ အရေးပါဆုံးဖြစ်မယ်ဆိုတာ
ကျွန်တော် ယုံကြည်တယ်။


(၁၈) အချစ်ကို ပိုင်ဆိုင်ဖူးသလို အချစ်ကို ဆုံးရှုံးဖူးတာက တခါမှ
မချစ်ဖူးတာထက်စာရင် ကောင်းသေးတယ်။

(၁၉) အိမ်ဆိုတာ လူတွေရဲ့ အဆိုးအပြစ်နဲ့ ကျဆုံးခြင်းတွေ
သိုဝှက်ထားတဲ့တခုတည်းသော နေရာဖြစ်သလို ချစ်ခြင်းမေတ္တာနဲ့
ချိုမြိန်မူတွေကို သိုလှောင်ထားတဲ့ နေရာလည်းဖြစ်တယ်။


(၂၀) လူ….လူ…လူ…လူဆိုတာ ရယ်မောခြင်းနဲ့ မျက်ရည်ကြားက ချိန်သီးတစ်လုံးဖြစ်တယ်။

ဖတ်မိသမျှ မှတ်မိသမျှ

ကျွန်တော့်ချစ်သူပြောသော စကားတစ်ခွန်း

အဝေးရောက်ချစ်သူတိုင်းအတွက်…….

ကျွန်တော့်ချစ်သူပြောသော စကားတစ်ခွန်း

ကျွန်တော့်ချစ်သူကကျွန်တော့်ကို စကားတခွန်းပြောဖူးပါသည်.
လူတစ်ယောက်ကို ကိုယ်ကသတိရနေတဲ့အခါ ထိုလူကလည်း ကိုယ့်ကိုပြန်သတိရနေတတ်တယ်တဲ့…..
သူကဒီအယူအဆကို ယုံကြည်သူပါ.စိတ်ချင်းဆက်နေတယ်လို့ခေါ်တယ်တဲ့..
သူဒီစကားပြောတော့ မဖြစ်နိုင်ဘူးလို့ အကြောက်အကန်ငြင်းခဲ့ဖူးပါသည်။
ကျွန်တော်ကလက်တွေ့သမား.ဒီလိုစိတ်ချင်းဆက်တာမဖြစ်နိုင်မှန်း ယုံကြည်သူပါ

နောက်ပိုင်း.တော်တော်ကြာတော့ တနေ့သူဆီကျွန်တော်ရောက်တော့ သူကပြောခဲ့ဖူးပါသည်.
‘ငါနင့်ကို အရမ်းသတိရနေတုန်း နင်ရောက်လာတာာပဲ. တွေ့တယ်မှတ်လားစိတ်ချင်းဆက်နေတာလေ.နင့်ကိုသတိရနေတာနဲ့နင်လည်းရောက်လာတယ်. နင်ကောငါ့ကိုသတိရနေတာမဟုတ်လား.မှန်မှန်ဖြေတဲ့’ ကျွန်တော်ဘာမှပြန်မပြောနိုင်ပဲ ရယ်နေမိခဲ့ပါသည်. အမှန်လည်းကျွန်တော်သူ့ကို သတိရနေလို့သူဆီရောက်သွားခဲ့ခြင်းဖြစ်ပါသည်.

ယခုအချိန်တွင် ကျွန်တော်နှင့် ကျွန်တော့်ချစ်သူမှာ အဝေးဆုံးရောက်နေခဲ့ပါသည်။
ချစ်သူနှင့်အနေဝေးနေပေမဲ့ သူ့ကိုကျွန်တော်သတိတရရှိလှပါသည်။
အမှန်အတိုင်းဝန်ခံရရင် အမြဲတမ်းတော့ သတိရနေတာမဟုတ်ပါ.၀မ်းနည်းစရာကြုံတိုင်း၊
ဝမ်းသာစရာကြုံတိုင်းသတိရပါသည်။
-ကော်ဖီသောက်တိုင်း သူဖျော်ပေးဖူးသော ကော်ဖီကိုသတိရမိပါသည်။
-ချောကလက်မြင်တိုင်းသတိရပါသည်။
-ပျော်စရာအောင်မြင်မှုတွေကြုံတိုင်းသူ့ကိုပြေးပြောချင်ပါသည်။
-၀မ်းနည်းစရာကြုံတိုင်း သူ့ကိုဖက်လို့ငိုချင်ပါသည်။

ခုချိန်တွင်တော့ သူပြောခဲ့ဖူးသော တစ်ယောက်ကသတိရနေရင် နောက်တယောက်ကလည်း
သတိရနေတတ်တယ်ဆိုသည့်အတွေးမျိုး ကျွန်တောမယုံပေမဲ့်တွေးတတ်နေခဲ့ပါပြီ..
(တခါတလေမဖြစ်နိုင်မှန်းသိပါသည်.ကိုယ်သတိရတိုင်းသူသတိရနေနိုင်ပါ့မလား)
သို့သော် ထိုသို့တွေးသောအခါရင်တွင်ပူလောင်မှုသက်သာပါသည်။ အပျော်တမျိုးခံစားရတတ်ပါသည်။ရင်ဆိုင်နေရသောအဆင်မပြေမှုများအတွက် ရင်ဆိုင်နိုင်သော ခွန်အားတမျိုးကို ရစေပါသည်။
ပျော်ရွင်စရာနည်းပြီးစိတ်ညစ်စရာများသော အချိန်တွေမှာ ဒီလိုအတွေးကစိတ်သက်သာစေပါသည်။

တခါတလေသူ့မှာတခြားတယောက်ရှိနေပြီလားဆိုသော အတွေးမျိုးတွေးမိပါကရင်ကိုအလွန်ပူစေပါသည်။

ဒီလိုခံစားမှုမျိုး ချစ်သူနဲ့ ဝေးနေရသူတိုင်းခံစားမိမယ်ထင်ပါသည်.
ကျွန်တော့်အတွက်တော့ ချစ်သူဆိုတာ..
ကျွန်တော့်ရင်ထဲမှာ တသွင်သွင်စီးဆင်းနေသော စမ်းချောင်းငယ်တခု
(သို့မဟုတ်)
ကျွန်တော့်ရင်ကို တငွေ့ငွေ့လောင်နေသော ဖွဲမီး

ကျွန်တော်သိချင်ပေမဲ့ခုချိန်မှာမသိနိုင်သော မေးခွန်းတခုရှိပါသည်။
ထိုမေးခွန်းမှာ သူ ကျွန်တော်ပြန်လာသည်အချိန်ထိ အကြာကြီးစောင့်နေနိုင်မလား
ကျွန်တော့်မှာ ချစ်သူနဲ့ ပေါင်းဆုံခွင့်ကံပါမပါ ဆိုတာပါ.
ဒီမေးခွန်းရဲ့ အဖြေကို အချိန်ကသာပြောပြသွားနိုင်မည်ဖြစ်ပါသည်။
ကျွန်တော့်ပြန်လာချိန်ကို သူစောင့်နေဖို့ကိုတော့ ကျွန်တော်အလွန်အမင်းကိုမျှော်လင့်မိပါသည်။
ကျွန်တော်ပြန်လာချိန်ကိုသာသူစောင့်နေခဲ့မည်ဆိုလျှင်…..
ကျွန်တော်သူ့ကိုတွေ့သောအခါအပြောချင်ဆုံးစကားတခွန်းကို ပြောပါမည်.
ဒိစကားတခွန်းကတော့ သူ့ ကိုကျွန်တော်ချစ်သည်။


မိတ်ဆွေ
သင်ကော ကျွန်တော့်ချစ်သူတွေးသလို တစ်ယောက်ကသတိရနေရင်တခြားတစ်ယောက်ကလည်း သတိရနေတတ်တယ်ဆိုတဲ့
အယူအဆကိုယုံကြည်ပါသလား

ဝင်းသု

ကိုယ့်ပုဆိန်ကိုယ် သွေးကြပါစို့,

တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ
ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း
ညနေစောင်းချိန်တွင် အဘိုးအို ခုတ်ပြီးသောထင်းအရေအတွက်မှာ လူငယ်ထက်
ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက်
ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး
ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။
စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟုလည်း တွေးနေမိသည်။ သို့သော်
အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို
တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ စောစီးစွာ
ရောက်နှင့်နေပြီး မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့သော်လည်း သူ၏ထင်းမှာ
အဘိုးအိုထက် အမြဲတမ်းလိုလိုပင် နည်းနေခဲ့သည်။

ခြောက်ရက်မြောက်နေ့တွင် သူသည် မအောင့်နိုင်တော့သည့်အဆုံး အဘိုးအိုအား
မေးမြန်းခဲ့သည်။
“ အဘိုး.... ကျွန်တော်က အဘိုးထက် အားသန်တယ်... အဘိုးထက် စောပြီး
တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့်
ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်... ဘာကြောင့်လဲ”

“ဒီိလို လူလေးရဲ့... အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့
ပုဆိန်ကို အမြဲသွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ ထင်းခုတ်ပြီး ဒီအတိုင်း
ပစ်ထားခဲ့တယ်။ အဘိုးက အသက်ကြီးပြီ။ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက်
စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက်
ထက်မြက်နေတဲ့အတွက် အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက
ဆယ်ချက်လောက် ခုတ်ယူရတယ်... ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”

ပုံပြင်လေးကတော့ ဒါပါပဲ။

အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေကို ဟောပြောပွဲတွေ သွားနားထောင်ဖို့၊
အချိန်ပိုရင် ကိုယ့်ဝါသနာပါရာ၊ လေ့လာနေတဲ့ ပညာရပ်ဆိုင်ရာ သင်တန်းတွေ
တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်ပါတယ်။ အများစုက “အလုပ်ပင်ပန်းရတဲ့
ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့ အချိန်မရှိဘူး” လို့
ညည်းပြကြပါတယ်။

“ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး
ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”

မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား - ဖေမြင့်

လက်(စ)ပေါလ်

(Les Paul)

အမေရိကန် ဂစ်တာသမား။

၁၉၁၆တွင် ၀စ္စကွန်ဆင်ပြည်နယ် ဝေါ်ကီရှာမြို့၌ ဖွားသည်။

ရေဒီယို၌ ကျေးလက်တေးများ တီးခတ်သီဆိုရင်း စတင်နာမည်ရခဲ့သည်။ ထို့နောက် ဂျပ်ဇ်ဂီတဘက်သို့ ကူးပြောင်းကာ လက်(စ)ပေါလ်သုံးယောက်ဝိုင်းကို ဖွဲ့စည်းသည်။ ၁၉၃၈ မှ ၁၉၄၁ အတွင်း နာမည်ကြီးဖရက်(ဒ)၀ါရင်းအဖွဲ့နှင့် လိုက်ပါ ဖျော်ဖြေရင်း သုံးယောက်ဝိုင်း ပို၍လူသိများလာသည်။ ၁၉၄၂တွင် ဟောလိဝုဒ်သို့ရောက်သည်။

၁၉၅၀ ကျော်နှစ်များအတွင်း သူအထူးကျော်ကြား အောင်မြင်လာသည်။ အဓိက,က ဇွဲနပဲကြီးကြီးနှင့် ဆောင်ရွက်ခဲ့သည့် သူ၏ စမ်းသပ်တီထွင်မှုများကြောင့်ဖြစ်သည်။ ဂစ်တာဖြင့် မာလတီပယ် ရီကော့ဒင်းများ သူ စတင်ပြုလုပ်သည်။ ဆောလစ် ‘လော့ဂ်’ ဂစ်တာကို တီထွင်သည်။ လျှပ်စစ်ဂစ်တာ ရေပန်းစားအောင် သူကြိုးပမ်းခဲ့သည်။

ဇနီးမေရီဖို့ဒ်နှင့်တွဲဖက်၍ ထင်ရှားသော ဓာတ်ပြား အချပ်ပေါင်းများစွာ သွင်းခဲ့ပြီး ရုပ်မြင်သံကြားတွင်လည်း နှစ်ပေါင်းအတော်ကြာအောင် ပူးတွဲတင်ဆက်ခဲ့သည်။ နောက်ပိုင်းကာလ၌ လျှပ်စစ်ဂစ်တာအား ပို၍ပီပြင်ထက်မြက်သောတူရိယာပစ္စည်း ဖြစ်အောင် မွမ်းမံပြုပြင်သော အလုပ်ကိုပင်နှစ်မြှပ်လုပ်ကိုင်ခဲ့သည်။





‘ကိုယ်တကယ်လုပ်မကြည့်သေးပဲနဲ့ ကျွန်တော်လုပ်မရဘူး လို့ဘယ်တော့မှမပြောနဲ့’

ကျောက်တုံးကျောက်ခဲနှင့် တည်ဆောက်ထားသည့် နံရံတံတိုင်းဟူသည်လည်း နာနာဖိတွန်းလျှင် တစ်ချိန်မှာ ပြိုလဲသွားနိုင်သည်။



‘မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား’

အဲသည်နေ့တုန်းက အလုပ်သမားတွေ မြောင်းတူးနေကြသည်။ သို့သော် ကျွန်တော်က မြောင်းကို စိတ်မ၀င်စား။ နေ့လယ်စာ စားရန် သူတို့နားကြသည့်အချိန် ဆံပင်ဖြူကျိုးကျဲ နှင့် အလုပ်သမားကြီး တစ်ယောက် သူ့ဘာဂျာဟောင်းလေး ထုတ်ပြီး မှုတ်သည့်အခါမှသာ ကျွန်တော်အံ့သြသဘောကျကာ ငေးကြည့်နေမိသည်။ အဲသည်တုန်းက ကျွန်တော် ကျောင်းသားလေးပဲ ရှိသေးသည်။ ကျွန်တော်စိတ်ထဲတွင် ‘ငါသာ ဒီလိုမှုတ်တတ်ရင် သိပ်ကောင်းမှာပဲ’ ဟုတွေးနေမိသည်။





သည်အခိုက် အလုပ်သမားကြီးက ဘာဂျာကို ကျွန်တော့်ဆီ ရုတ်တရက်ထိုးပေးသည်။ ‘လုပ်ကွာချာတိတ်မှုတ်ကြည့်စမ်း’

‘ကျွန်တော်မမှုတ်တတ်ဘူးခင်ဗျ’ကျွန်တော်ကငြင်းသည်။



လူကြီးက ကျွန်တော့်ကို တစ်ချက်စိုက်ကြည့်သည်။ ပြီးတော့မှ ‘ဘယ်ဟုတ်မလဲ ကလေးရ ၊ မှုတ်သာကြည့်စမ်းပါ ၊ တော်ကြာတော့ မင်းကျွမ်းသွားမှာ’ ဟုဆိုသည်။ အဲသည်နောက် သူက ကျွန်တော့်တစ်သက်တာအတွက် တန်ဖိုးအရှိဆုံး စကားတစ်ခွန်းကို ဆိုသည်။ ‘ကိုယ် တကယ်လုပ်မကြည့်သေးဘဲနဲ့ ကျွန်တော်လုပ်မရဘူးလို့ ဘယ်တော့မှ မပြောနဲ့ကွ’ ဟူ၍။



တစ်နေ့မှာ စန္ဒရားဆရာက အမေ့ထံ စာတစ်စောင် ကျွန်တော်နှင့် ပေးပါသည်။ စာက ကျွန်တော်နှင့်ပတ်သက်၍မညှာမတာရေးထားသည့်စာ။



‘ခင်ဗျားရဲ့သား လက်စတာဟာ ဂီတပညာ ဘယ်တော့မှ သင်လို့တတ်မှာမဟုတ်ဘူး ၊ ကျွန်တော်သူ့ကိုနောက်ထပ်မသင်နိုင်တော့ပါ’တဲ့။



သည်စာ ဖတ်ပြီးနောက် အလုပ်သမားကြီး ပြောခဲ့သောစကားကို ကျွန်တော်ပြေးသတိရသည်။



စင်စစ် ကျွန်တော်နောက်မဆုတ်ချင်ပါ။ ကျွန်တော်ဂီတပညာ သင်၍ မရနိုင်ဆိုတာ သေချာအောင်မှ စမ်းသပ်မကြည့်ရသေးတာ။ သင်လို့ရတယ်ဆိုတာ သက်သေပြနိုင်အောင် ငါ ကြိုးစားမယ်ဟုကျွန်တော်ဆုံးဖြတ်လိုက်သည်။



အဲသည်နှစ်မှာ ကျွန်တော် ကိုယ့်ဘာသာ ဂစ်တာအတီးသင်သည်။ ကျွန်တော့်အိမ်နားမှာ ဂစ်တာသမားတစ်ယောက်ရှိရာ အဲသည်လူ တီးသည့်အခါ ဘေးက အသေအချာကြည့်ပြီး ကြိုးခြောက်ကြိုးပေါ်မှာ လက်ချောင်းလေးတွေ ဘယ်အနေအထား ထား၍တီးလျှင် ဘယ်အသံထွက်သည်ဆိုတာ မှတ်သားကာ ၄င်းအတိုင်း ထပ်တူလိုက်တီး ကြည့်ခြင်း ဖြစ်သည်။ သင်ယူရသည့်ချိန်တာကရှည်ကြာလှပါသည်။ သို့သော် ဘာပဲဖြစ်ဖြစ် ကျွန်တော့်အဖို့တော့ ကိုယ် ပိုင်ပိုင်နိုင်နိုင်တီးခတ်နိုင်မည့်တူရိယာပစ္စည်းတစ်ခုကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။



အသက်နှစ်ဆယ် အရွယ်မှာ ကျွန်တော်က ကျွန်တော့်ဂျပ်ဇ်ဂစ်တာကို ပင်တိုင်ထားပြီး သုံးယောက်ဝိုင်းတစ်ခု ဖွဲ့စည်းသည်။ ပြီး အောင်မြင်ကျော်ကြားလာရမည်ဟူသော ရည်မှန်းချက်နှင့် နယူးယောက်သို့ တက်ခဲ့ကြသည်။ သို့သော် နယူးယောက်ရောက်တော့ နာမည်ကြီးတီးဝိုင်းခေါင်းဆောင်တွေက ကျွန်တော်တို့လို ရွက်ပုန်းသီး ပညာသည်တွေကို ကောင်းကောင်းပင် မဆက်ဆံချင်ကြတာ ကျွန်တော်တွေ့ရသည်။ ကျွန်တော်တို့ လက်သံကို မြည်းစမ်းကြည့်ဖို့ပင်အချိန်မပေးနိုင်လောက်အောင်သူတို့အလုပ်များနေကြသည်။


Saturday, September 13, 2014

~တန်‌ဖိုးဟူသည်‌~

အလုပ်‌ရုံတစ်‌ခုထဲမှာ။ အ‌ဖေနှင့်‌သမီး‌ပြောကြ‌သောစကားများဖြစ်‌သည်‌။
အ‌ဖေဖြစ်‌သူက လက်‌ထဲမှာအရာဝတ္ထုတစ်‌ခုကို ဆုတ်‌ကိုင်‌ပြီး သမီးဖြစ်‌သူကို‌ပြောတယ်‌။

အ‌ဖေ....သမီး အ‌ဖေလက်‌နဲ့ဆုတ်‌ကိုင်‌ထားတဲ့အရာက ဘာလဲသိလား...?
သမီး.....မသိဘူးအ‌ဖေ..။။

အ‌ဖေ...သိချင်‌လားသမီး....။။
သမီး....သိချင်‌တာ‌ပေါ့အ‌ဖေ...။
အ‌ဖေ....အဲလိုဆိုရင်‌ ထိုင်‌ ထ ၅ ‌ခေါက်‌လုပ်‌...။
သမီး...ထိုင်‌ထလုပ်‌သည်‌။ ပြီးဆက်‌‌ပြောတယ်‌။ ပြ‌တော့အ‌ဖေ သမီး ထိုင်‌ထလုပ်‌ပြီးပြီ။

အ‌ဖေ...တကယ်‌သိချင်‌တာလား...?
သမီး...သိချင်‌တာ‌ပေါ့အ‌ဖေ‌ရေ....။။
အ‌ဖေ....‌နောက်‌ထပ်‌ ၁၀ ခါလုပ်‌အုံး...။

သမီး... သမီး...ထိုင်‌ထလုပ်‌သည်‌။ ပြီးဆက်‌‌ပြောတယ်‌။ ပြ‌တော့အ‌ဖေ သမီး ထိုင်‌ထလုပ်‌ပြီးပြီ။

အ‌ဖေ...တကယ်‌သိချင်‌တာလား....?
သမီး...သိချင်‌ပါတယ်‌ဆို‌နေ အ‌ဖေကလည်း....။။

အ‌ဖေ...‌နောက်‌ထပ်‌ ၁၅ ခါလုပ်‌အုံး...။။

သမီး....ဟွန့်‌.. .အ‌ဖေကလည်း ပြလည်းမပြဘဲနဲ့....။။
အ‌ဖေ......ပြမှာပါ...လုပ်‌သာလုပ်‌ပါ...။။
သမီး... သမီး...ထိုင်‌ထလုပ်‌သည်‌။ ပြီးဆက်‌‌ပြောတယ်‌။ ပြ‌တော့အ‌ဖေ သမီး ထိုင်‌ထလုပ်‌ပြီးပြီ။

အ‌ဖေဖြစ်‌သူက လက်‌ထဲက ဆုတ်‌ကိုင်‌ထားတဲ့အရာကို ဖွင့်‌ပြလိုက်‌တယ်‌....။
လက်‌ထဲမှာအ‌ကြွေ‌စေ့တစ်‌ခု....။။

ပြန်‌ဆုတ်‌ကိုင်‌လိုက်‌ပြီး.. .သမီးအ‌ဖေ့လက်‌ထဲကအရာကို သိချင်‌လား ထိုင်‌ထ ၅ ခါ လုပ်‌။

သမီးဖြစ်‌သူက သမီးသိပြီးသားပဲ...မသိချင်‌‌တော့ပါဘူး...။

အ‌ဖေဖြစ်‌သူက သမီးကိုပြမယ်‌‌လေ...၂ ခါ‌လောက်‌‌သော်‌လည်း လုပ်‌။
သမီးဖြစ်‌သူက မလုပ်‌ဘူး အ‌ဖေ သမီးသိပြီးသားဥစ္စာ ဘာလို့ ပင်‌ပန်းခံပြီး ကြည့်‌‌တော့မလဲ...တဲ့။

အဲဒီ‌တော့ အ‌ဖေဖြစ်‌သူက.. .အဲလိုပဲသမီး...‌လောကမှာ ကိုယ်‌မသိမမြင်‌‌သေး‌သောအရာကို လူ‌တွေဟာ တန်‌ဖိုးထားပြီး အရင်းအနှီးများများ ‌ပေး၍ သိချင်‌မြင်‌ချင်‌ကြတယ်‌။

မသိ‌သေး မမြင်‌‌သေး‌သော‌ကြောင့်‌ တန်‌ဖိုးထားကြတယ်‌...။

သမီး‌တောင်‌မှ ဘာမှမဟုတ်‌တဲ့အ‌ကြွေ‌စေ့‌လေးကို ကြည့်‌ဖို့အတွက်‌ အရင်းအနှီးအဖြစ်‌ ထိုင်‌ထ‌တွေလုပ်‌‌သေးတာပဲ...။။
အဲဒါက တန်‌ဖိုးထားမြတ်‌နိုးမိလို့ပဲ....။။

ကိုယ်‌သိပြီးမြင်‌ပြီးတဲ့အရာကို ‌နောက်‌တစ်‌ခါ သိဖို့မြင်‌ဖို့အတွက်‌ မရင်းနှီးချင်‌ကြ‌တော့ဘူး...လွယ်‌သွားတဲ့အတွက်‌ လူ‌တွေကလည်း တန်‌ဖိုးမထားကြ‌တော့ဘူး...။။

သမီးအ‌ကြွေ‌စေ့ကို‌နောက်‌တစ်‌ခါ မြင်‌ရဖို့အတွက်‌ အရင်းအနှီးစိုက်‌မထုတ်‌ချင်‌သလိုပဲ‌ပေါ့...တန်‌ဖိုးမထား‌တော့သလိုပဲ‌ပေါ့...။။

အဲလိုပါပဲ...ကိုယ့်‌ရဲ့ မမြင်‌အပ်‌‌သော အင်္ဂါ အစိတ်‌အပိုင်း‌တွေကိုလည်း မမြင်‌ရ‌အောင်‌ လုံခြုံစွာဖုံးဖိထားတတ်‌ရတယ်‌။

မြင်‌သိပြီးသွားရင်‌ အဲဒါကို‌နောက်‌တစ်‌ခါမြင်‌သိရ‌အောင်‌ အရင်းအနှီးမစိုက်‌ချင်‌‌တော့ဘူး...တန်‌ဖိုးမဖိုးချင်‌ကြ‌တော့ဘူး...။။

မြတ်‌မြတ်‌နိုးနိုး နဲ့သိမ်းဆည်းထားသင့်‌‌သောအရာ‌တွေကို တန်‌ဖိုးထားသင့်‌‌သော အရာ‌တွေကိုလူတကာမြင်‌‌အောင်‌ မ‌ဖော်‌ပြသင့်‌ဘူး...။။

ကိုယ်‌လည်း တန်‌ဖိုးမဲ့ရာ‌ရောက်‌သွားတတ်‌တယ်‌....။။

မိမိကိုယ်‌ကို တန်‌ဖိုးထားပါသမီး..ဟုဆုံးမ‌လေသည်‌....။။
 Blogger