အလုပ်ရုံတစ်ခုထဲမှာ။ အဖေနှင့်သမီးပြောကြသောစကားများဖြစ်သည်။
အဖေဖြစ်သူက လက်ထဲမှာအရာဝတ္ထုတစ်ခုကို ဆုတ်ကိုင်ပြီး သမီးဖြစ်သူကိုပြောတယ်။
အဖေ....သမီး အဖေလက်နဲ့ဆုတ်ကိုင်ထားတဲ့အရာက ဘာလဲသိလား...?
သမီး.....မသိဘူးအဖေ..။။
အဖေ...သိချင်လားသမီး....။။
သမီး....သိချင်တာပေါ့အဖေ...။
အဖေ....အဲလိုဆိုရင် ထိုင် ထ ၅ ခေါက်လုပ်...။
သမီး...ထိုင်ထလုပ်သည်။ ပြီးဆက်ပြောတယ်။ ပြတော့အဖေ သမီး ထိုင်ထလုပ်ပြီးပြီ။
အဖေ...တကယ်သိချင်တာလား...?
သမီး...သိချင်တာပေါ့အဖေရေ....။။
အဖေ....နောက်ထပ် ၁၀ ခါလုပ်အုံး...။
သမီး... သမီး...ထိုင်ထလုပ်သည်။ ပြီးဆက်ပြောတယ်။ ပြတော့အဖေ သမီး ထိုင်ထလုပ်ပြီးပြီ။
အဖေ...တကယ်သိချင်တာလား....?
သမီး...သိချင်ပါတယ်ဆိုနေ အဖေကလည်း....။။
အဖေ...နောက်ထပ် ၁၅ ခါလုပ်အုံး...။။
သမီး....ဟွန့်.. .အဖေကလည်း ပြလည်းမပြဘဲနဲ့....။။
အဖေ......ပြမှာပါ...လုပ်သာလုပ်ပါ...။။
သမီး... သမီး...ထိုင်ထလုပ်သည်။ ပြီးဆက်ပြောတယ်။ ပြတော့အဖေ သမီး ထိုင်ထလုပ်ပြီးပြီ။
အဖေဖြစ်သူက လက်ထဲက ဆုတ်ကိုင်ထားတဲ့အရာကို ဖွင့်ပြလိုက်တယ်....။
လက်ထဲမှာအကြွေစေ့တစ်ခု....။။
ပြန်ဆုတ်ကိုင်လိုက်ပြီး.. .သမီးအဖေ့လက်ထဲကအရာကို သိချင်လား ထိုင်ထ ၅ ခါ လုပ်။
သမီးဖြစ်သူက သမီးသိပြီးသားပဲ...မသိချင်တော့ပါဘူး...။
အဖေဖြစ်သူက သမီးကိုပြမယ်လေ...၂ ခါလောက်သော်လည်း လုပ်။
သမီးဖြစ်သူက မလုပ်ဘူး အဖေ သမီးသိပြီးသားဥစ္စာ ဘာလို့ ပင်ပန်းခံပြီး ကြည့်တော့မလဲ...တဲ့။
အဲဒီတော့ အဖေဖြစ်သူက.. .အဲလိုပဲသမီး...လောကမှာ
ကိုယ်မသိမမြင်သေးသောအရာကို လူတွေဟာ တန်ဖိုးထားပြီး
အရင်းအနှီးများများ ပေး၍ သိချင်မြင်ချင်ကြတယ်။
မသိသေး မမြင်သေးသောကြောင့် တန်ဖိုးထားကြတယ်...။
သမီးတောင်မှ ဘာမှမဟုတ်တဲ့အကြွေစေ့လေးကို ကြည့်ဖို့အတွက် အရင်းအနှီးအဖြစ် ထိုင်ထတွေလုပ်သေးတာပဲ...။။
အဲဒါက တန်ဖိုးထားမြတ်နိုးမိလို့ပဲ....။။
ကိုယ်သိပြီးမြင်ပြီးတဲ့အရာကို နောက်တစ်ခါ သိဖို့မြင်ဖို့အတွက်
မရင်းနှီးချင်ကြတော့ဘူး...လွယ်သွားတဲ့အတွက် လူတွေကလည်း
တန်ဖိုးမထားကြတော့ဘူး...။။
သမီးအကြွေစေ့ကိုနောက်တစ်ခါ မြင်ရဖို့အတွက် အရင်းအနှီးစိုက်မထုတ်ချင်သလိုပဲပေါ့...တန်ဖိုးမထားတော့သလိုပဲပေါ့...။။
အဲလိုပါပဲ...ကိုယ့်ရဲ့ မမြင်အပ်သော အင်္ဂါ အစိတ်အပိုင်းတွေကိုလည်း မမြင်ရအောင် လုံခြုံစွာဖုံးဖိထားတတ်ရတယ်။
မြင်သိပြီးသွားရင် အဲဒါကိုနောက်တစ်ခါမြင်သိရအောင် အရင်းအနှီးမစိုက်ချင်တော့ဘူး...တန်ဖိုးမဖိုးချင်ကြတော့ဘူး...။။
မြတ်မြတ်နိုးနိုး နဲ့သိမ်းဆည်းထားသင့်သောအရာတွေကို တန်ဖိုးထားသင့်သော အရာတွေကိုလူတကာမြင်အောင် မဖော်ပြသင့်ဘူး...။။
ကိုယ်လည်း တန်ဖိုးမဲ့ရာရောက်သွားတတ်တယ်....။။
မိမိကိုယ်ကို တန်ဖိုးထားပါသမီး..ဟုဆုံးမလေသည်....။။
No comments:
Post a Comment