Saturday, September 13, 2014

လက်ညှိုးထောင် ဖို့ လိုတယ်

ဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီး ပြောချင်တာက အနာဂါတ်လူငယ်တွေ ကိုပါ။ ကျောင်းစနေတဲ့ အရွယ်ကတည်းကနေ မိမိကိုယ်ကိုယ် ယုံကြည်ချက်ရှိအောင်၊ အကြောင်းအရာ တစ်ခုကို ရဲရဲဝံ့ဝံ့ ဆွေးနွေးရဲအောင် ဆရာသမားတွေကလေ့ကျင့်ပေးခဲ့ မှာပါ။

ခေါင်းစဉ်တစ်ခုကို ဆရာက အရှေ့ ကနေ ချပေးလိုက်တာနဲ့  ၀င်ရောက် ယှင်ပြိုင် ဆွေးနွေးမယ့် ကျောင်းသားတွေက အများကြီးပဲ။
ဖြေဆိုမယ့်ကျောင်းသားတွေကလည်း လက်ညှိုးတစ်ချောင်းကို သူ့ ထက် ငါ အလုအယက်ထောင်ကြရတယ်။

ဒီလို လက်ညှိုးထောင်ရဲတဲ့ သတ္တိကိုယ့်မှာ ရှိနေဖို့ လိုတယ်။ အများနဲ့ အတူ လိုက်နိုင်ဖို့ အပြင် ပထမဦးဆုံး လက်ညှိုးထောင်နိုင်တဲ့ သူက ကိုယ်ပဲ ဖြစ်ရမယ်။ ထောင်ထားတဲ့ လက်ညှိုးမှာ အားအင်တွေပါတယ်၊ ယုံကြည်မှုတွေပါတယ်၊သတ္တိတွေပါတယ်။

ကျောင်းသားဘ၀ထဲကမှာ လက်ညှိုးထောင် နောက်ကျတဲ့ သူတွေဟာ အရွယ်ရောက်လို့ ဘ၀လမ်းပေါ်လျှောက်တဲ့ အချိန်ကျရင် နောက်ကျသွားတတ်ပါတယ်။ ဒါကြောင့် လက်ညှိုးထောင်ရဲအောင် ကြိုးစားပါ။ အရင်ဦဆုံး ထောင်နိုင်အောင် လုပ်ပါ။

ဘယ်တော့မှ နောက်မကျ ပါစေနဲ့ ။ ကလေးဘ၀က အတန်းထဲမှာ လက်ညှိုးထောင်နောက်ကျတာ ပြန်ပြင်ဆင်ခွင့်ရှိပေမယ့်။ ဘ၀မှာတော့ ဒီလို နောက်ကျရင် နောက်တစ်ကြိမ်ဆိုတာ ဝေးသွားပါလိမ့်မယ်။ ရဲရင့်စွာ လက်ညှိုင်းထောင်
နိုင်ကြပါစေ။

No comments:

Post a Comment

 Blogger