Saturday, September 13, 2014

မျက်နှာပေါ်မှ အမဲမှတ်များ မြန်မာ့နည်းဖြင့်အန္တရာယ်ကင်းစွာပယ်ဖေါက်နည်း

မျတ်နှာပေါ်တွင် ထိခိုက်ဒါဏ်ရာ ရလို့ပဲဖြစ်ဖြစ်၊နေလောင်လို့ဖြစ်ဖြစ်၊
ဝက်ခြံပေါက်လို့ဖြစ်ဖြစ် အမဲမှတ်များ အဖြစ်ကျန်နေတတ်ပါတယ်။ အဲ့ဒီအမဲမှတ်တွေကိုဖြေဖျောက်နိုင်တယ်ဆိုတဲ့ ဆေးတွေ မိတ်ကပ်တွေ အမျိုးမျိုးရှိပေမဲ့ တစ်ချို့မှာ ပိုက်ဆံသာကုန်သွားတယ် မပျောက်တဲ့အပြင် အမဲမှတ် တောင်ပိုကြီးလာ တတ် ပါတယ်။ ယခုခေတ်မှာတော့ အရေပြားဆရာဝန်ဆီသွားပြီး liquid nitrogen နဲ့ဖျောက်နိုင်ပါတယ်။ liquid nitrogen ဆိုတာ nitrogen ဓါတ်ကို zero degree အောက် -200 အထိအေးအောင်လုပ်လိုက်ရင် nitrogen ဓါတ်ငွေ့ကနေ nitrogen ဓါတ်အရည်အဖြစ်ကိုပြောင်းသွားပါတယ်။ အဲဒီ ဓါတ်အရည်နဲ့ အမဲမှတ်ကို တို့လိုက်ရင် အအေးဓါတ်ကြောင့် အမဲမှတ်ကိုစားသွားပါတယ်။ (အပူမှမဟုတ်၊အအေးဓါတ် ကလည်း အသားကိုလောင်စေပါတယ်)။ တစ်ပတ် နှစ်ပတ်လောက်ကြာရင် အမဲမှတ်ပျောက်သွားပါတယ်။ nitrogen ဓါတ်အရည်နဲ့တို့ပြီးရင် တို့ထားတဲ့နေရာကိုနေရောင် မထိအောင်ဂရုစိုက်ရပါတယ်။ မဟုတ်ရင် အမဲမှတ် မပျောက်တဲ့အပြင် ပိုတောင်မဲနိုင်ပါတယ်။ ဒါကြောင့် ဒီနည်းကို ပြင်သစ်နိုင်ငံပါရီမြို့မှာ အလင်းရောင်နည်းတဲ့ ဆောင်းတွင်းမှာသာ လုပ်ပေးပါတယ်။

အထက်ပါနည်းလို ပိုက်ဆံလည်းမကုန်၊ ဆရာဝန်ဆီသွားစရာလဲ မလို၊ နေရောင်ရှောင်စရာလဲမလိုတဲ့ လွယ်ကူစွာပယ်ဖေါက်နည်းရှိပါတယ်။

အဲ့ဒါကတော့ အမဲမှတ်နေရာကို ကွမ်းရွက်အစလေးကပ်ထားရုံပါ။
မျက်နှာသစ်ပြီး အမဲမှတ်နေရာမှာ သေချာဆေးထားတဲ့ကွမ်းရွက်ကို ကပ်ထားလိုက်ပါ။ နေ့စဉ်ကပ်ပေးရင်တစ်ပတ်လောက်ကြာရင် အမဲရောင်ဖျော့လာပြီ။ တစ်လ အကြာမှာလုံးဝပျောက်သွားတာတွေ့ရပါမယ်။

ပြစ်မျိုးမှဲ့မထင်တဲ့ မျက်နှာပိုင်ရှင်များဖြစ်ကြပါစေ။

No comments:

Post a Comment

 Blogger