Saturday, September 13, 2014

အမျိုးသားအများစုက စိတ်လှုပ်ရှားမှု ဖြစ်တဲ့

အမျိုးသမီးများရဲ့ ခန္ဒာအစိတ်အပိုင်း တစ်ခု 

ဂျပန်လူမျိုးတွေရဲ့ အလှအပနဲ့ ခံစားမှု ဟာ ကျွန်မတို့အတွက် တကယ်ကို အနုစိတ်နိုင်လှပြီး တချို့ နေရာတွေမှာ သူတို့ဘယ်လို အမြင်နဲ့ ခံစားနှစ်သက်ကြတာကို ဆောင်းပါးလေးတပုဒ်ကနေ သိရတာကို ဘာသာပြန်တင်ပြလိုက်ပါတယ်။ 
 

မိန်းခလေးများ ဆံပင်လေးမြင့်မြင့်တင်ပြီးစီးထားတဲ့ အချိန်မှာ မြင်ရတဲ့ လည်ပင်းဂုတ်သားလေးဟာ ရင်ဖိုစရာပါပဲ။ ၀င်းကနဲ မြင်လိုက်ရတဲ့ ဂုတ်သားလေးကြောင့် ရင်ဖိုရတဲ့ယောက်ျားသားတွေရှိပါသတဲ့။ ဆောင်းပါးက ဒီလိုပါ။

နေကြပါဦး ၊ ယောက်ျားတွေက ဘာကြောင့်မိန်းမတွေရဲ့ ဒီဂုတ်သားလေးကို မြင်ရယုံနဲ့ ရင်ဖိုရတာလဲ။ ဘာကြောင့်လဲလို့ မေးလာရင် အကြောင်းရင်းကိုဖြေဘို့ လွယ်မယောင်နဲ့ ခက်လှပါတယ်။ ဒါကြောင့် ဦးနှောက်နဲ့ အာရုံကြောဝေဒနာ ပညာအထူးပြု တက္ကသိုလ်တစ်ခုဖြစ်တဲ့ မူစာ့ရှိနို တက္ကသိုလ်ကဆရာ ဆူဂျီ ခဲဆုကဲ ကိုမေးကြည့်ရပါတော့တယ်။ 


ဆရာ။ “ဂုတ်သားလေးကို မြင်ရရုံနဲ့ စိတ်တွေလှုပ်ရှားလာရတယ်ဆိုတာ သမိုင်းကြောင်းနဲ့ ပြန်ကြည့်မယ်ဆိုရင် အဓိပ္ပါယ်ရှိပါတယ်။ ဟိုးအရင် အယ်ဒိုခေတ်ယဉ်ကျေးမှုမှာ မိန်းခလေးတွေ အပျိုဖော်ဝင်တဲ့ အချိန် ဆံပင်အုပ်လုံးသိမ်းခဲ့ကြတယ်တဲ့။ အဲဒီလို ဓလေ့ကနေ မိန်းခလေး အရွယ်ရောက်တာကို သိရတယ်“ဂုတ်သားလေးကို မြင်ရတာ” ဆိုပြီး၊ ယောက်ျားသားတွေအတွက် နိမိတ်လက္ခဏာ အသွင်ဆောင်တယ်ဆိုတာက ဆက်နွယ်ခဲ့တာပါ။”

စာရေးသူ။ “ အော် ဒီလိုကိုး။ အယ်ဒို ခေတ် ကနေစပြီး ဂုတ်သားလေးတွေဟာ စွဲဆောင်မှု ရှိတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တာကိုး။ ဒါပေမယ့် အခုခေတ်မှာ ဆံပင်သိမ်းတာ နဲ့ ပါတ်သက်ပြီး အဲဒီလောက် အဓိပ္ပါယ်နက်နက်နဲနဲတွေမရှိဘူးလို့တော့ ထင်တာပဲ” 

ဆရာ။ “ဖြစ်နိုင်တာ နောက်တစ်ခုက နောက်ဘက်ကနေမြင်ရတဲ့ ပုံသဏ္ဍန်ဆိုတာ လွတ်လွတ်လပ်လပ် ရှိတယ်ဆိုတဲ့ အတိုင်းအတာကလည်း ဆက်စပ်မှုရှိနေတာလည်းပါပါတယ်။ ဂုတ်သားလေးလို အမြဲမြင်နေကျမဟုတ်တဲ့ နေရာကို လှစ်ပြလိုက်တာကလည်း တနည်းအားဖြင့်ယောက်ျားသားတွေကို အဓိပ္ပါယ်တခုခုနဲ့ အချက်ပြတာလို့လည်း ပြောနိုင်ပါတယ်။ ပြီးတော့ စုစည်းချည်နှောင် ဆံပင်လေးတွေ တချို့တလေ ထွက်ကျနေတာကလည်း ယောက်ျားတွေကို စိမ့်ကနဲဖြစ်သွားလောက်အောင် ညို့ဓါတ်ရှိတဲ့ လျှပ်တစ်ပြက် ပုံရိပ်လေးတွေအဖြစ် စွဲဆောင်နိုင်တာလည်းပါပါတယ်။ ” 


စာရေးသူ။ ဒါပေမယ့် “ဂုတ်သားလေးတွေကို” ဘယ်လိုမှစိတ်မ၀င်စားပါဘူးဆိုတဲ့ သူတွေလည်း ရှိတယ်နော်။ အဲဒါကျတော့ ဘယ်လိုပြောမလဲ” 

ဆရာ။ “ခလေးဘ၀ကတည်းက ပုံစံတစ်မျိုးနဲ့ ရှိတဲ့ လိင်သဘာဝနဲ့ ရှိခဲ့သူတွေနဲ့ ၊ ကျွန်တော်တို့တွေရဲ့ ဆန့်ကျင်ဘက်လိင်အပေါ် ထားရှိတဲ့ အကြိုက် ကလည်း မွေးရာပါ မတူကြတဲ့အပြင် ဖြတ်သန်းကြီးပြင်းလာရတဲ့ ဘ၀ပတ်ဝန်းကျင်ပေါ်မှာလည်း အများကြီး သြဇာသက်ရောက်ပါတယ်။ ဥပမာ- ကမ္ဘာမှာ လည်ပင်းဆိုရှည်လေ လှလေလို့ လက်ခံထားတဲ့ လူမျိုးစုတွေရှိသလို ပေါ့။ ဂျပန်လူမျိုးထက်ဝက်ကျော်ကတော့ အဲဒီလို လည်ပင်းရှည်တာကိုတော့ ရင်မခုန်ပါဘူး။ ဒါပေမယ့် ဂု တ်သားလေးတွေပေါ်မှာ တော့စိတ်လှုပ်ရှားတယ်လေ။ အဲဒီလို လူမျိုးနဲ့ ယဉ်ကျေးမှု အရလည်း ကွာခြားမှုတွေ ရှိနိုင်ပါတယ်။ ” 

တကယ်ကိုသေးငယ်လှတဲ့ အကြောင်းအရာလေးတွေက လူမျိုးနဲ့ ၀သီစရိုက်တွေအထိ အရှိန်သြဇာသက်ရောက်မှု ရှိနိုင်တာပဲလား။ အခြားသော ယဉ်ကျေးမှု နဲ့ ရာဇ၀င်များမှာ ဂုတ်သားလေးတွေရဲ့ စွဲဆောင်မှု အကြောင်းရင်း တွေအမျိုးမျိုးရှိနေဦးမှာပါပဲ။ 

စာရေးသူ။ အဲလို ဘာမဟုတ်တဲ့ အကြောင်းအရာလေးတွေရဲ့ နက်နဲမှုကို သိသွားတဲ့ အမျိုးသားများစွာကလည်း အမျိုးသမီးထုရဲ့ ဂုတ်သားဖွေးဖွေး အလှတရားမှာ လည်စင်းကြမှာလားလို့ ……….

ကိုးကားစာမျက်နှာများ http://newsing.jp/entry?url=r25.jp%2Fmagazine%2Franking_review%2F10004000%2F1112008100916.html%3Fvos%3Dnr25mn0000001 http://image-search.yahoo.co.jp/search?ei=UTF-8&p=%E3%81%86%E3%81%AA%E3%81%98

No comments:

Post a Comment

 Blogger