Saturday, September 13, 2014

~တန်‌ဖိုးဟူသည်‌~

အလုပ်‌ရုံတစ်‌ခုထဲမှာ။ အ‌ဖေနှင့်‌သမီး‌ပြောကြ‌သောစကားများဖြစ်‌သည်‌။
အ‌ဖေဖြစ်‌သူက လက်‌ထဲမှာအရာဝတ္ထုတစ်‌ခုကို ဆုတ်‌ကိုင်‌ပြီး သမီးဖြစ်‌သူကို‌ပြောတယ်‌။

အ‌ဖေ....သမီး အ‌ဖေလက်‌နဲ့ဆုတ်‌ကိုင်‌ထားတဲ့အရာက ဘာလဲသိလား...?
သမီး.....မသိဘူးအ‌ဖေ..။။

အ‌ဖေ...သိချင်‌လားသမီး....။။
သမီး....သိချင်‌တာ‌ပေါ့အ‌ဖေ...။
အ‌ဖေ....အဲလိုဆိုရင်‌ ထိုင်‌ ထ ၅ ‌ခေါက်‌လုပ်‌...။
သမီး...ထိုင်‌ထလုပ်‌သည်‌။ ပြီးဆက်‌‌ပြောတယ်‌။ ပြ‌တော့အ‌ဖေ သမီး ထိုင်‌ထလုပ်‌ပြီးပြီ။

အ‌ဖေ...တကယ်‌သိချင်‌တာလား...?
သမီး...သိချင်‌တာ‌ပေါ့အ‌ဖေ‌ရေ....။။
အ‌ဖေ....‌နောက်‌ထပ်‌ ၁၀ ခါလုပ်‌အုံး...။

သမီး... သမီး...ထိုင်‌ထလုပ်‌သည်‌။ ပြီးဆက်‌‌ပြောတယ်‌။ ပြ‌တော့အ‌ဖေ သမီး ထိုင်‌ထလုပ်‌ပြီးပြီ။

အ‌ဖေ...တကယ်‌သိချင်‌တာလား....?
သမီး...သိချင်‌ပါတယ်‌ဆို‌နေ အ‌ဖေကလည်း....။။

အ‌ဖေ...‌နောက်‌ထပ်‌ ၁၅ ခါလုပ်‌အုံး...။။

သမီး....ဟွန့်‌.. .အ‌ဖေကလည်း ပြလည်းမပြဘဲနဲ့....။။
အ‌ဖေ......ပြမှာပါ...လုပ်‌သာလုပ်‌ပါ...။။
သမီး... သမီး...ထိုင်‌ထလုပ်‌သည်‌။ ပြီးဆက်‌‌ပြောတယ်‌။ ပြ‌တော့အ‌ဖေ သမီး ထိုင်‌ထလုပ်‌ပြီးပြီ။

အ‌ဖေဖြစ်‌သူက လက်‌ထဲက ဆုတ်‌ကိုင်‌ထားတဲ့အရာကို ဖွင့်‌ပြလိုက်‌တယ်‌....။
လက်‌ထဲမှာအ‌ကြွေ‌စေ့တစ်‌ခု....။။

ပြန်‌ဆုတ်‌ကိုင်‌လိုက်‌ပြီး.. .သမီးအ‌ဖေ့လက်‌ထဲကအရာကို သိချင်‌လား ထိုင်‌ထ ၅ ခါ လုပ်‌။

သမီးဖြစ်‌သူက သမီးသိပြီးသားပဲ...မသိချင်‌‌တော့ပါဘူး...။

အ‌ဖေဖြစ်‌သူက သမီးကိုပြမယ်‌‌လေ...၂ ခါ‌လောက်‌‌သော်‌လည်း လုပ်‌။
သမီးဖြစ်‌သူက မလုပ်‌ဘူး အ‌ဖေ သမီးသိပြီးသားဥစ္စာ ဘာလို့ ပင်‌ပန်းခံပြီး ကြည့်‌‌တော့မလဲ...တဲ့။

အဲဒီ‌တော့ အ‌ဖေဖြစ်‌သူက.. .အဲလိုပဲသမီး...‌လောကမှာ ကိုယ်‌မသိမမြင်‌‌သေး‌သောအရာကို လူ‌တွေဟာ တန်‌ဖိုးထားပြီး အရင်းအနှီးများများ ‌ပေး၍ သိချင်‌မြင်‌ချင်‌ကြတယ်‌။

မသိ‌သေး မမြင်‌‌သေး‌သော‌ကြောင့်‌ တန်‌ဖိုးထားကြတယ်‌...။

သမီး‌တောင်‌မှ ဘာမှမဟုတ်‌တဲ့အ‌ကြွေ‌စေ့‌လေးကို ကြည့်‌ဖို့အတွက်‌ အရင်းအနှီးအဖြစ်‌ ထိုင်‌ထ‌တွေလုပ်‌‌သေးတာပဲ...။။
အဲဒါက တန်‌ဖိုးထားမြတ်‌နိုးမိလို့ပဲ....။။

ကိုယ်‌သိပြီးမြင်‌ပြီးတဲ့အရာကို ‌နောက်‌တစ်‌ခါ သိဖို့မြင်‌ဖို့အတွက်‌ မရင်းနှီးချင်‌ကြ‌တော့ဘူး...လွယ်‌သွားတဲ့အတွက်‌ လူ‌တွေကလည်း တန်‌ဖိုးမထားကြ‌တော့ဘူး...။။

သမီးအ‌ကြွေ‌စေ့ကို‌နောက်‌တစ်‌ခါ မြင်‌ရဖို့အတွက်‌ အရင်းအနှီးစိုက်‌မထုတ်‌ချင်‌သလိုပဲ‌ပေါ့...တန်‌ဖိုးမထား‌တော့သလိုပဲ‌ပေါ့...။။

အဲလိုပါပဲ...ကိုယ့်‌ရဲ့ မမြင်‌အပ်‌‌သော အင်္ဂါ အစိတ်‌အပိုင်း‌တွေကိုလည်း မမြင်‌ရ‌အောင်‌ လုံခြုံစွာဖုံးဖိထားတတ်‌ရတယ်‌။

မြင်‌သိပြီးသွားရင်‌ အဲဒါကို‌နောက်‌တစ်‌ခါမြင်‌သိရ‌အောင်‌ အရင်းအနှီးမစိုက်‌ချင်‌‌တော့ဘူး...တန်‌ဖိုးမဖိုးချင်‌ကြ‌တော့ဘူး...။။

မြတ်‌မြတ်‌နိုးနိုး နဲ့သိမ်းဆည်းထားသင့်‌‌သောအရာ‌တွေကို တန်‌ဖိုးထားသင့်‌‌သော အရာ‌တွေကိုလူတကာမြင်‌‌အောင်‌ မ‌ဖော်‌ပြသင့်‌ဘူး...။။

ကိုယ်‌လည်း တန်‌ဖိုးမဲ့ရာ‌ရောက်‌သွားတတ်‌တယ်‌....။။

မိမိကိုယ်‌ကို တန်‌ဖိုးထားပါသမီး..ဟုဆုံးမ‌လေသည်‌....။။

လက်ညှိုးထောင် ဖို့ လိုတယ်

ဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီး ပြောချင်တာက အနာဂါတ်လူငယ်တွေ ကိုပါ။ ကျောင်းစနေတဲ့ အရွယ်ကတည်းကနေ မိမိကိုယ်ကိုယ် ယုံကြည်ချက်ရှိအောင်၊ အကြောင်းအရာ တစ်ခုကို ရဲရဲဝံ့ဝံ့ ဆွေးနွေးရဲအောင် ဆရာသမားတွေကလေ့ကျင့်ပေးခဲ့ မှာပါ။

ခေါင်းစဉ်တစ်ခုကို ဆရာက အရှေ့ ကနေ ချပေးလိုက်တာနဲ့  ၀င်ရောက် ယှင်ပြိုင် ဆွေးနွေးမယ့် ကျောင်းသားတွေက အများကြီးပဲ။
ဖြေဆိုမယ့်ကျောင်းသားတွေကလည်း လက်ညှိုးတစ်ချောင်းကို သူ့ ထက် ငါ အလုအယက်ထောင်ကြရတယ်။

ဒီလို လက်ညှိုးထောင်ရဲတဲ့ သတ္တိကိုယ့်မှာ ရှိနေဖို့ လိုတယ်။ အများနဲ့ အတူ လိုက်နိုင်ဖို့ အပြင် ပထမဦးဆုံး လက်ညှိုးထောင်နိုင်တဲ့ သူက ကိုယ်ပဲ ဖြစ်ရမယ်။ ထောင်ထားတဲ့ လက်ညှိုးမှာ အားအင်တွေပါတယ်၊ ယုံကြည်မှုတွေပါတယ်၊သတ္တိတွေပါတယ်။

ကျောင်းသားဘ၀ထဲကမှာ လက်ညှိုးထောင် နောက်ကျတဲ့ သူတွေဟာ အရွယ်ရောက်လို့ ဘ၀လမ်းပေါ်လျှောက်တဲ့ အချိန်ကျရင် နောက်ကျသွားတတ်ပါတယ်။ ဒါကြောင့် လက်ညှိုးထောင်ရဲအောင် ကြိုးစားပါ။ အရင်ဦဆုံး ထောင်နိုင်အောင် လုပ်ပါ။

ဘယ်တော့မှ နောက်မကျ ပါစေနဲ့ ။ ကလေးဘ၀က အတန်းထဲမှာ လက်ညှိုးထောင်နောက်ကျတာ ပြန်ပြင်ဆင်ခွင့်ရှိပေမယ့်။ ဘ၀မှာတော့ ဒီလို နောက်ကျရင် နောက်တစ်ကြိမ်ဆိုတာ ဝေးသွားပါလိမ့်မယ်။ ရဲရင့်စွာ လက်ညှိုင်းထောင်
နိုင်ကြပါစေ။

သင့်ရဲ့ အတိတ်ဘ၀ ရှိနိုင်ကြောင်း သိနိုင်တဲ့ သက်သေ ၄ ချက်

အရမ်းပဲ မြင့်မားလှတဲ့ နေရာကို ကြောက်တတ်ပါသလား။ လူစိမ်းတစ်ယောက်နဲ့ မျက်လုံးချင်း တေ့တေ့ဆိုင်ဆိုင် ကြည့်ဖို့ ကြောက်တတ်ပါ သလား။ သူတို့ကို သိနေသလိုလိုပဲ ဆိုတဲ့ ခံစားမှုမျိုး ဖြစ်ဖူးပါသလား။ အဲဒါတွေရဲ့ အဖြေကတော့ အတိတ်ဘ၀တွေ ရှိနေနိုင်ခဲ့ ကြောင်းပါတဲ့…။
(၁) အဲဒီလိုမျိုး ခံစားဖူးသလိုလို…
အတိတ်ဘ၀ကနေ ပြန်လည် ရှင်သန်လာစေနိုင်တဲ့ အစွမ်း ရှိနေပါသတဲ့။ အဲဒီအချက်ကို အနာရောဂါကုထုံးမှာ အသုံး ပြုပါတယ်။ ရှင်သန်ဖွံ့ဖြိုးဖို့၊ စိတ်နဲ့ခန္ဓာ၊ ရုပ်နာမ်တရား ၂ ပါး၊ ကိုယ်တွင်း စွမ်းအင်များ၊ လက်ရှိ ဆက်ဆံရေးတွေ ပြေလည်စေဖို့…။  အခုမှ တွေ့ရတဲ့ သူစိမ်းတစ်ဦးကို အရင့်အရင် ကာလများဆီက တရင်းတနှီးနဲ့ကို သိနေခဲ့သလိုလို…။

အဲဒီနေရာတွေကို ရောက်ဖူးခဲ့သလိုလို…။ .. အစရှိတဲ့ အတိတ်ခံစားချက်တွေဟာ လူတိုင်းမှာ ဖြစ်လေ့ဖြစ်ထ ရှိနေတတ်ပါတယ်။ ဒီလိုမျိုး ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်ဟာ အတိတ်ဘ၀ တစ်ချိန်ချိန်တုန်းက သိကျွမ်းရင်းနှီးခဲ့ဖူးသူ… အဲဒီနေရာကို ရောက်ခဲ့ဖူးတယ်ဆိုတာတွေရဲ့ သက်သေပါပဲတဲ့။
ဥပမာအားဖြင့် Miracles happen စာအုပ်ရေးသားပြုစုသူ ဒေါက်တာ Brian L. Weiss MD ရဲ့ လူနာတစ်ဦးဟာ အကြောင်းမရှိပဲ စိတ်သောက ရောက်နေရှာပါတယ်။ အခုခေတ် ဂရိနိုင်ငံမှာ မင်္ဂလာဦး ပျားရည်ဆမ်းခရီး ထွက်ခဲ့စဉ်တုန်းကပါ။ ရောမမြို့ကြီးကို ချန်ရစ်ထားခဲ့တဲ့ နောက်မှာတော့ အဲဒီ စိတ်သောက ဝေဒနာဟာ လုံးဝကို ပျောက်ကွယ် သွားခဲ့ပါတယ်။ လူနာအဖြစ် ဆရာဝန်ဖြစ်တဲ့ Brian နဲ့ တွေ့ဆုံစဉ်မှာ (အတိတ်ဘ၀ ပြန်ဖေါ်နည်းဖြင့် ကုသခြင်း - past life regression) ကုသခဲ့ရာကနေ လူနာ အမျိုးသမီးငယ်ဟာ အရင်ဘ၀တုန်းက ရှေးဟောင်း ဂရိပြည်ကြီးမှာ အသတ် ခံခဲ့ရဖူးသူဖြစ်တဲ့အကြောင်း ဖော်ထုတ် တွေ့ရှိရတော့တယ်။ ဒီဘ၀မှာ အဲဒီနေရာကို ရောက်သွားတဲ့အခါ အလိုလိုနေရင်း စိတ်သောက ရောက်ရခြင်းရဲ့ အကြောင်းရင်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့် သူ့ဟာသူ နေရင်းထိုင်ရင်း စိတ်သောက ရောက်ရတယ် ဆိုတာကိုတော့ သူမဟာ အဲဒီတုန်းက မစဉ်းစားတတ်ခဲ့ဘူး။
၂။ အဲဒီနေရာကို အမှန်တကယ်ပဲ ရောက်သွားခဲ့သလိုပါပဲလား… အိပ်မက်တွေထဲမှာ..။
ထင်ရှားပြတ်သား.. ကြည်လင်လွန်းလှပြီး အသေးစိတ်လည်း ကျလွန်းလှတဲ့ အိပ်မက်တွေ မက်ဖူးပါသလား…။ အခုခေတ် မဟုတ်တဲ့ အတိတ်ကာလက အချိန်တွေနဲ့ အဲဒီနေရာတွေကို ပြတ်ပြတ်ထင်ထင် တွေ့နေရသလား..။ အတိတ်ဘ၀ မှတ်ဉာဏ်တွေ ပြန်လည် နိုးထလာတာ ဖြစ်ဖို့များပါတယ်။ သူမ ရေးသားခဲ့တဲ့ စာအုပ်ထဲက အတိုင်း အတိတ်ဘ၀ အကြောင်းအချင်းအရာတွေကို ပြန်လည် မှတ်မိ သိရှိနိုင်နေခြင်းဟာ (ဒီဘ၀ရဲ့) တကယ့်မှတ်ဉာဏ် အစစ် ဟုတ်ချင်မှ ဟုတ်မှာပါ..။ သင်္ကေတတွေ၊ နိမိတ်ပုံ မတ္တာဖါတွေ ရှိနေနိုင်တယ်။ တိုက်ရိုက်တည့်တည် မက်တဲ့ အိပ်မက်အတိုင်းပဲ အဲဒီ သင်္ကေတတွေ၊ ပုံရိပ်တွေမှာလည်း အရေးကြီးတဲ့ သတင်းတွေ ပါနေတတ်ပါတယ်။ ဒီ အတိတ်ဘ၀ မြင်ကွင်းတွေကို သမိုင်းဖတ်စာ တစ်ခုအနေနဲ့ မဟုတ်ပဲ ကဗျာတစ်ပုဒ် အနေနဲ့ စဉ်းစားကြည့်ပါလား..။
၃။ စာတွေ သိပ် မလေ့လာရဘဲနဲ့ ဒီဘာသာရပ်မှာ အမှတ်တွေ စွတ်ကောင်းနေတာ…
ပင်ကိုယ်စွမ်းရည်တွေ၊ လုပ်ဆောင်နိုင်စွမ်းတွေ၊ ကိုယ်နှစ်သက်တာတွေ၊ မနှစ်သက်တာတွေ၊ စွဲလန်းနေရတာလေးတွေ၊ အပြင်းအထန် တူးတူးခါးခါး မုန်းတီးနေတာတွေ… အဲဒါတွေဟာလည်း အတိတ်ဘ၀ရဲ့ သဲလွန်စတွေ ဖြစ်နိုင်ပါတယ်။ လူအချို့နဲ့ သိပ်ကို တွဲနေမိ တတ်တယ်…။ အဲဒီယဉ်ကျေးမှုကို သိပ်ခံစားလို့ ရတယ်။ အဲဒီနေရာတွေကို တစ်ခါမျှ မရောက်ခဲ့ဘူးပါပဲနဲ့ အခုလို ရင်းနှီး ခံစားနေနိုင် တာမျိုး…။
ကျောင်းမှာ အချို့ဘာသာရပ်တွေကို သင်ယူလေ့လာရာမှာ သိပ်ကို လွယ်ကူလွန်းနေတာ..။  ဒီ ပရော်ဖက်ရှင်နယ် အလုပ်အကိုင်ကို လုပ်ကိုင်ရာမှာ အခြားသူတွေထက်ကို ကိုယ့် အတွက်တော့ အီးစီးပဲ။ ဥပမာအားဖြင့် … နိုင်ငံရပ်ခြား ဘာသာစကား တစ်မျိုးမျိုးကို လေ့လာသင်ယူရာမှာ တကယ်ပဲ မြန်ဆန်… လွယ်ကူလွန်းနေတယ်…။ အံ့သြစရာ…။ အခြားသူတွေက ဗျည်း အဆင့်ကမတတ်သေးဘူး..။ ကိုယ်က ပြောနေနိုင်ပြီ။ ရေးတတ်နေပြီ။
နောက်ပြီးတော့လည်း ရှိပါသေးတယ်။ သမိုင်းမျဉ်းပေါ်က အဲဒီခေတ်ကာလနဲ့ အချိန်တွေကို ပိုမို စိတ်ဝင်စားနေခဲ့တာ။ နောက်ပြီးတော့ ဒီသမိုင်း ဖြစ်ရပ်က ကိုယ့်အပေါ်မှာ လွှမ်းမိုးနိုင်လိုက်တာလေ…။ အီဂျစ်ခေတ်ဟောင်း… ဒါမှမဟုတ်ရင် … အမေရိကန် ပြည်တွင်းစစ်ပွဲ ကာလများဆီက… ဒါမှမဟုတ် မင်းတုန်းမင်းခေတ်တုန်းက…။

ဆား၏ လက်တွေ့အသုံးဝင်ပုံနည်းလမ်းစုံ

၁) ကြက်ဥတစ်လုံးကျကွဲပြီး ကြမ်းပြင်ပေါ်မှာ ကြက်ဥအနှစ်တစ်ခုလုံးကျနေ
တယ်ဆိုရင် ဖိတ်ကျနေတဲ့ ကြက်ဥအနှစ်ပေါ်ကို ဆားနှံ့အောင်ဖြူးပေးပါ... ပြီးရင် ခဏစောင့်ပါ.... နည်းနည်းကြာရင် ပေခြင်းပွခြင်းမရှိဘဲ ကြက်ဥအနှစ်တွေကို အမှိုက်ဂေါ်နဲ့ ကော်ပစ်နိုင်ပြီဖြစ်ပါတယ်....

၂) စွန်းထင်းနေတဲ့ လက်ကိုင်ပုဝါတွေကို မလျှော်ဖွတ်ခင်မှာ ဆားရည်ထဲစိမ်ထားပါ... အစွန်းအထင်းတွေကို ပြောင်စင်စေပါတယ်...

၃) ပန်းကန်စင် စာအုပ်စင် စတဲ့စင်တွေပေါ်မှာ ပုရွက်ဆိတ်တွေတက်နေရင် ဆားဖြူးပေးလိုက်ပါ... ပုရွက်ဆိတ်တွေပြေးသွားပါလိမ့်မယ်....

၎) ငါးတွေကို ကြေးခွံတွေမချွတ်ခင် ဆားရည်ထဲစိမ်ထားပါ... ကြေးခွံတွေအ
လွယ်တကူ ချွတ်နိုင်ပါလိမ့်မယ်...

၅) ခါချပြီးဖြူးရတဲ့ ဆားဗူးမျိုးထဲကနေ ဆားတွေအလွယ်တကူကျစေချင်ရင် ဗူးထဲမှာ ဆန်စေ့အနည်းငယ်ရောနှောထည့်ထားပါ...

၆) အသုပ်ထဲက အရွက်တွေမညှိုးနွမ်းသွားအောင် ဆားဖြူးနိုင်ပါတယ်...

၇) ကြက်ဥတွေကောင်းမကောင်းစမ်းချင်ရင် ဆားရည်ထည့်ထားတဲ့ခွက်ထဲ
စိမ်ကြည့်ပါ.... ကောင်းတဲ့ကြက်ဥက နစ်သွားပြီး မကောင်းတော့တဲ့ကြက်
ဥက ပေါလောပေါ်နေပါလိမ့်မယ်...

၈) ကြက်ဥပြုတ်တဲ့အခါ ဆူနေတဲ့ရေနွေးထဲ ဆားနည်းနည်းခပ်လိုက်ပါ... ကွဲနေတဲ့ကြက်ဥတွေက သူ့အခွံထဲမှာပဲ ရှိနေပါလိမ့်မယ်....

၉) ရှုံ့တွနေတဲ့ပန်းသီးတွေကို ဆားအတော်အသင့်ခတ်ထားတဲ့ရေထဲ စိမ်ထားလိုက်ရင် ပြန်ပြည့်တင်းပြီး ကြည့်ကောင်းသွားပါလိမ့်မယ်...

၁၀) မုန့်လုပ်တဲ့ဒယ်ပြားကို ဆားနဲ့ပွတ်ပေးထားရင် မုန့်တွေမကပ်တော့ပါဘူး....

၁၁) သွားတိုက်တံကို မသုံးခင်ဆားရည်ထဲစိမ်ထားခြင်းဖြင့် သက်တမ်းပိုကြာကြာ အသုံးပြုနိုင်ပါတယ်...

၁၂) ကော်ဖီအိုးကိုအရောင်ချွတ်တဲ့အခါ ဆားနဲ့ပွတ်ပြီးချွတ်နိုင်ပါတယ်...

၁၃) ဆားနဲ့ တာပင်တိုင်ကိုရောပြီး ကြွေရေဇလားတွေ အိမ်သာခွက်တွေကို ဖြူအောင်ဆေးနိုင်ပါတယ်...

" ကွက်လပ်ဖြည့် မေတ္တာ "

(၁) ကိုယ့်အစာအိမ်က မလိုအပ်ပဲ ၀ယ်စားလိုက် နေကြာစေ့ တစ်ထုပ်ရဲ့ တန်ဘိုးဟာ ဆာလောင်နေတဲ့ ကလေးတစ်ယောက် အတွက်ဆိုရင် အသက်ကယ်တဲ့ နေ့လည်စာ တစ်နပ်လည်း ဖြစ်နိုင်ကောင်းပါရဲ့....

(၂) ကိုယ့်ဖိနပ်စင်မှာ နေရာမလပ်ရှိနေပါလျှက် ထပ်မံ ဖြည့်တင်းလိုက်တဲ့ ဒေါက်ဖိနပ်တစ်ရံရဲ့ တန်ဘိုးဟာ ဆူးစူးနေတဲ့ ခြေထောက်လေးပေါင်းများစွာ အတွက်တော့ အကာအကွယ် တခု ပေးနိုင်ကောင်းပါရဲ့...

(၃) ပြည့်နှက်နေတဲ့ ကိုယ့်အ၀တ်ဗီဒိုထဲကို ပိုပြီး ကျပ်သိပ်သွားအောင် ဖြည့်ဆည်းလိုက်တဲ့ နိုင်ငံခြားဖြစ် အ၀တ်တစ်ထည်ရဲ့ တန်ဘိုးဟာ ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ ကလေးတစ်ယောက် အတွက်တော့ နွေးထွေးမှုလေးတစ်ခု ပေးစွမ်းနိုင်ကောင်းပါရဲ့...

(၄) ကိုယ့်မိသားစု အတွက် ဘယ်လိုမှ ကောင်းကျိုး မပေးနိုင်ပဲ ဖြုန်းတီးပစ်လိုက်တဲ့ ဘီယာဗူးပေါင်းများစွာရဲ့ တန်ဖိုးဟာ မွတ်သိပ်နေတဲ့ ဘ၀ပေါင်းများစွာ အတွက်တော့ သန့်စင်တဲ့ ရေတစ်ကန် အဖြစ် ကျေးဇူးပြုနိုင်ကောင်းပါရဲ့...

(၅) ကိုယ့်အတွက် တော့ အပျင်းပြေ ဂိမ်းကစားနေတဲ့ iPhone တစ်လုံးရဲ့ တန်ဖိုးဟာ အနာဂါတ်မဲ့ ကလေးတစ်ယောက် အတွက်တော့ ဘ၀အာမခံချက်ကို ပေးနိုင်တဲ့ ပညာရေး တစ်ခု အဖြစ်ဖြည့်ဆည်း ပေးနိုင်ကောင်းပါရဲ့....

ကိုယ့်အတွက် မလိုအပ်တာလေးတွေကို လောကလိုအပ်ချက်လေးတွေ အဖြစ် ပြောင်းလဲနိုင်ပါစေ...မေတ္တာဖြင့်....

( အရှင်တေဇာနန္ဒ )

အဖေ့ပေးခဲ့တဲ့ ဘ၀အသိဥာဏ်

ဖခင်ဖြစ်သူက သားလက်ထဲကိုင်ထားတဲ့ ကမ္ဘာ့မြစ်ချောင်းခွဲခြားပြမြေပုံကို ကြည့်ပြီး သားကိုမေးတယ်။

"သား.. ဒီပုံထဲက မြစ်ချောင်းတွေမှာ ဘာထူးခြားချက်ရှိသလဲ?"

သားက မြေပုံကိုသေချာကြည့်ပြီး "မြစ်ချောင်းတွေက ကွေ့ကောက်နေတယ် ဖေဖေ" လို့ဖြေတယ်။

"ဘာဖြစ်လို့ ကွေ့ကောက်ရသလဲ?"လို့ ဖခင်ကဆက်မေးတော့ သားက သူသိတဲ့ ပထဝီဝင်အနေအထားနဲ့ ပြန်ဖြေတယ်။

"မြစ်ချောင်းတွေက ကွေ့ကောက်ပြီးစီးဆင်းတယ်။ ဒါဟာ သူ့ရဲ့စီးကြောင်းကို ဆွဲဆန့်လိုက်တာဖြစ်တယ်။ စီးကြောင်းရှည်တော့ ရေစီးအား ပိုများများစီးဆင်းနိုင်တယ်။ ဒါမှ မိုးတွင်းရေကြီးတဲ့အချိန် မြစ်ချောင်းတွေမှာ ရေမလျှံမှာဖြစ်တယ်။ နောက်တစ်ခုက ရေစီးကြောင်းကို ဆွဲဆန့်လိုက်တော့ စီးကြောင်းတစ်ခု၊ တစ်ခုတိုင်းမှာ ရေစီးအား လျော့နည်းသွားတယ်။ ဒီလိုဆိုရင် မြစ်ကမ်းပါးတွေမှာ ရေတိုက်စားမှုနည်းသွားတယ်။ မြစ်ကမ်းပါးတွေကိုလည်း ကာကွယ်ရာရောက်သွားတယ်"

သားပြောတာကို နားထောင်ပြီး ဖခင်က "သားပြောတာတွေ မှန်ပါတယ်။ ဖေဖေ့ အနေနဲ့ပြောရရင် ကွေ့ကောက်ပြီးသွားတာဟာ သဘာဝဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်တယ်။ တည့်တည့်သွားတယ်ဆိုတာကတော့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုမဟုတ်ဘူး။ ဘာဖြစ်လို့ ဖေဖေဒီလိုပြောရသလဲဆိုရင် မြစ်ချောင်းတွေက ရှေ့ကိုသူတို့စီးဆင်းနေတဲ့အချိန်မှာ အတားအဆီးမျိုးစုံနဲ့ ကြုံတွေ့ကြရတယ်။ တချို့အတားအဆီးက ကျော်ဖြတ်စီးဆင်းသွားလို့ မရဘူး။ ဒါကြောင့် သူတို့ဟာ ကွေ့ကောက်ပြီးစီးဆင်းရတယ်။ လမ်းကြောင်းပြောင်းပြီး စီးဆင်းတယ်။ ကွေ့ကောက်ပြီးစီးဆင်းလို့ပဲ သူတို့ဟာ အတားအဆီးတွေကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်ခဲ့ပြီး နောက်ဆုံးမှာ ဝေးလံတဲ့ပင်လယ်ကြီးဆီ အရောက်စီးနိုင်ခဲ့တာဖြစ်တယ်။
လူ့ဘဝမှာလည်း ဒီလိုပဲသား.. အခက်အခဲ၊ အဆင်မပြေတာတွေနဲ့ သားကြုံတွေ့တဲ့အခါ ဒီလိုဆင်းရဲဒုက္ခတွေဟာ လူ့ဘဝရဲ့ဖြစ်ရိုးဖြစ်စဉ်လို့ သားမြင်တတ်ရမယ်။ ဒီလိုဖြစ်ရိုးဖြစ်စဉ်မှာ သား မျှော်လင့်ချက်မမဲ့နဲ့ စိတ်ပျက်ဝမ်းမနည်းနဲ့၊ သက်ပြင်းရှည်တွေ မချနဲ့။ ရှေ့ဆက်တဲ့ခြေလှမ်းကို မရပ်တန့်လိုက်နဲ့။ ကွေ့ကောက်ပြီးသွားရတဲ့လမ်းကို ရှေ့ဆက်သွားရမယ့် နောက်တစ်နည်း၊ နောက်တစ်လမ်းလို့ သားမြင်တတ်ရမယ်။ ဒါမှ မြစ်ချောင်းတွေလိုပဲ ကွေ့ကောက်ပြီး လိုရာခရီး၊ ပင်လယ်ကြီးဆီကို သားရောက်နိုင်မှာဖြစ်တယ်"

နှစ်တွေကြာလွန်တဲ့အထိ ဖခင်ရဲ့စကားကို သားသေသေချာချာ မှတ်သားခဲ့ပါတယ်။ ကွေ့ကောက်ပြီးသွားတာဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခု၊ ဆင်းရဲဒုက္ခတွေဟာလည်း လူ့ဘဝတိုင်းမှာတွေ့ကြုံရတဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ မှတ်သားပြီး ရှေ့ဆက်တဲ့လမ်းပေါ်က အခက်အခဲ၊ အတားအဆီးတွေကို ကွေ့ကောက်ပြီး ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒါဟာ သားဘဝတစ်ခုလုံးအတွက် အဖေပေးတဲ့ ဘဝအသိဉာဏ်ဖြစ်တယ်။

မျက်နှာပေါ်မှ အမဲမှတ်များ မြန်မာ့နည်းဖြင့်အန္တရာယ်ကင်းစွာပယ်ဖေါက်နည်း

မျတ်နှာပေါ်တွင် ထိခိုက်ဒါဏ်ရာ ရလို့ပဲဖြစ်ဖြစ်၊နေလောင်လို့ဖြစ်ဖြစ်၊
ဝက်ခြံပေါက်လို့ဖြစ်ဖြစ် အမဲမှတ်များ အဖြစ်ကျန်နေတတ်ပါတယ်။ အဲ့ဒီအမဲမှတ်တွေကိုဖြေဖျောက်နိုင်တယ်ဆိုတဲ့ ဆေးတွေ မိတ်ကပ်တွေ အမျိုးမျိုးရှိပေမဲ့ တစ်ချို့မှာ ပိုက်ဆံသာကုန်သွားတယ် မပျောက်တဲ့အပြင် အမဲမှတ် တောင်ပိုကြီးလာ တတ် ပါတယ်။ ယခုခေတ်မှာတော့ အရေပြားဆရာဝန်ဆီသွားပြီး liquid nitrogen နဲ့ဖျောက်နိုင်ပါတယ်။ liquid nitrogen ဆိုတာ nitrogen ဓါတ်ကို zero degree အောက် -200 အထိအေးအောင်လုပ်လိုက်ရင် nitrogen ဓါတ်ငွေ့ကနေ nitrogen ဓါတ်အရည်အဖြစ်ကိုပြောင်းသွားပါတယ်။ အဲဒီ ဓါတ်အရည်နဲ့ အမဲမှတ်ကို တို့လိုက်ရင် အအေးဓါတ်ကြောင့် အမဲမှတ်ကိုစားသွားပါတယ်။ (အပူမှမဟုတ်၊အအေးဓါတ် ကလည်း အသားကိုလောင်စေပါတယ်)။ တစ်ပတ် နှစ်ပတ်လောက်ကြာရင် အမဲမှတ်ပျောက်သွားပါတယ်။ nitrogen ဓါတ်အရည်နဲ့တို့ပြီးရင် တို့ထားတဲ့နေရာကိုနေရောင် မထိအောင်ဂရုစိုက်ရပါတယ်။ မဟုတ်ရင် အမဲမှတ် မပျောက်တဲ့အပြင် ပိုတောင်မဲနိုင်ပါတယ်။ ဒါကြောင့် ဒီနည်းကို ပြင်သစ်နိုင်ငံပါရီမြို့မှာ အလင်းရောင်နည်းတဲ့ ဆောင်းတွင်းမှာသာ လုပ်ပေးပါတယ်။

အထက်ပါနည်းလို ပိုက်ဆံလည်းမကုန်၊ ဆရာဝန်ဆီသွားစရာလဲ မလို၊ နေရောင်ရှောင်စရာလဲမလိုတဲ့ လွယ်ကူစွာပယ်ဖေါက်နည်းရှိပါတယ်။

အဲ့ဒါကတော့ အမဲမှတ်နေရာကို ကွမ်းရွက်အစလေးကပ်ထားရုံပါ။
မျက်နှာသစ်ပြီး အမဲမှတ်နေရာမှာ သေချာဆေးထားတဲ့ကွမ်းရွက်ကို ကပ်ထားလိုက်ပါ။ နေ့စဉ်ကပ်ပေးရင်တစ်ပတ်လောက်ကြာရင် အမဲရောင်ဖျော့လာပြီ။ တစ်လ အကြာမှာလုံးဝပျောက်သွားတာတွေ့ရပါမယ်။

ပြစ်မျိုးမှဲ့မထင်တဲ့ မျက်နှာပိုင်ရှင်များဖြစ်ကြပါစေ။

“အမြင်ကို ပြောင်းကြည့်လိုက်ပါ”

တစ်ခါတုန်းက သန်းကြွယ်သူဌေးတစ်ယောက်ဟာ မျက်စိဝေဒနာကို ခံစားနေရတာကြောင့်စိတ်ပင်ပန်းဆင်းရဲ လို့ နေပါတယ်။

သူဟာ နားလည်တက်ကျွမ်းတဲ့ သမားတော်တွေနဲ့ ပြသတိုင်ပင်ခဲ့ပြီး သူ့ မျက်စိရောဂါကိုကုသခဲ့ပါတယ်။ဝါရင့်ကျွမ်းကျင်တဲ့ သမားတော်တွေဆီက
ဆေးထိုး ဆေးသောက်နဲ့ ကုသမှုများစွာကို မရပ်မနားခံယူခဲ့ပါတယ်။

ဒါပေမယ့် ဒီဝေဒနာက ကုသပေမယ့် မပျောက်ဘဲ ပိုဆိုးလာသလို ဖြစ်နေတယ်။

နောက်ဆုံးမှာ ဘုန်းကြီးတစ်ပါးက သူဌေးရဲ့ ရောဂါဝေဒနာကို လာ ကြည့်ပါတယ်။

လာကြည့်တဲ့အခါ ဘုန်းကြီးက သူဌေးရဲ့ မျက်စိရောဂါအခက်အခဲကို နားလည်သွားပြီးသူရဲ့ မျက်စိအတွက် အစိမ်းရောင်တစ်မျိုးတည်းကိုသာ အာရုံစိုက်ကြည့်ဖို့ နဲ့ တခြားအရောင်တွေကို ကြည့်လို့ မရဘူး လို့ ပြောပါတယ်။

ရှင်းရှင်းပြောရရင် သူ့ မျက်စိရောဂါက အစိမ်းရောင်ကလွဲရင် ကျန်တဲ့ အရောင်တွေနဲ့ မတည့်တာပါ။

အဲဒီ့တော့ သူဌေးဟာ ပန်းချီဆရာများကို ခေါ်စုပြီး အစိမ်းရောင်ဆေးတွေကို စည်ပိုင်းလိုက်ကိုဝယ်ထားပါတော့တယ်။

ပြီးတော့ ဘုန်းကြီး မိန့် မှာထားတဲ့အတိုင်း သူ့ မျက်စိနဲ့ ကြည့်မယ့် အရာဝတ္ထုတိုင်းကိုအစိမ်းရောင်တွေ ဆေးသုတ်ထားလိုက်ဖို့ ကို
ညွှန်ကြားထားလိုက်ပါတော့တယ်။

ရက်အနည်းငယ်လောက်အကြာမှာ ဘုန်းကြီးက သူဌေးကို လာကြည့်ပါတယ်။

အဲဒီ့အချိန်မှာ သူဌေးရဲ့ တပည့်တပန်းတွေက အစိမ်းရောင်သုတ်ဆေးတွေ ပုံးနဲ့ ယူချလာပြီးဘုန်းကြီးသင်္ကန်းပေါ် လောင်းချလိုက်ပါတော့တယ်။

ဘုန်းကြီးရဲ့ သင်္ကန်းဟာ အနီရောင်ဆင်မြန်းထားတာကြောင့် သူတို့ ဆရာရဲ့ မျက်စိဝေဒနာပြန်မဖြစ်ရလေအောင် အခြားသောအရောင်တွေကို မမြင်စေလိုတဲ့အတွက် ကြောင့် ပါတဲ့။

အဲ့ဒီလိုလည်း ကြားရရော ဘုန်းကြီးက ရယ်ပါလေရော ….
အကယ်လို့ သာ မင်းဟာ အစိမ်းရောင် မျက်မှန်တစ်စုံသာ ၀ယ်တပ်လိုက်မယ်ဆိုရင်ငွေကြေးအနည်းငယ်သာ ကုန်ကျမှာဖြစ်ပြီး မင်းဒီလို နံရံတွေ ပန်းအိုးတွေနဲ့ တခြားသော ပစ္စည်းတွေလည်း သိပ်ပြီး အစိမ်းရောင် ခြယ်သနေစရာ မလိုတဲ့အတွက်
အကုန်အကျတွေလည်း မများတော့ဘူး။

ကမ္ဘာကြီးတစ်ခုလုံးကို အစိမ်းရောင်တွေနဲ့  ခက်ခဲစွာ ဆေးလိုက်ခြယ်မယ့်အစား
မင်းအမြင်ကိုသာ ပြောင်းလဲလိုက်ပါ

အဲဒါဆို ကမ္ဘာကြီးလည်း သူ့ အလိုလို ပြောင်းလဲလာမှာပါ…

ရေသောက်ရန် အကောင်းဆုံး အချိန်

လူ့ကျန်းမာရေး အတွက် အထောက် အကူပြုမှန်း၊ အဓိက လိုအပ်မှန်း သိကြပေမယ့် အချိန်မှန်၊ ပမာဏ မှန်မှန် သောက်သုံးမှသာ ထိထိ ရောက်ရောက် ကောင်းကျိုး ပေးတာ ဖြစ်ပါတယ်။
ဒါကြောင့် ရေသောက်ရန် အကောင်းဆုံး အချိန်များ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ မနက် အိပ်ယာထချိန်
ဖန်ခွက် တစ်ခွက် သို့မဟုတ် ၂ ခွက်စာ ရေသောက် သုံးခြင်းဖြင့် သွေးလည် ပတ်မှုကို မြင့်တင် ပေးခြင်း၊ သွေးစေးပျစ်မှု လျော့ချပေးခြင်း၊ ကိုယ်တွင်း အူလမ်းကြောင်းများ သန့်ရှင်း၍ ပိုမို သန်မာစေခြင်း တို့ကို ဖြစ်စေ ပါတယ်။
၂။ အစားမစားမှီ
အစားမစားမှီ မိနစ် ၃၀ လောက်မှာ ရေဖန်ခွက် တစ်ခွက် သောက်သုံး သင့်တယ်လို့ ဆိုပါတယ်။ ယင်းသို့ သောက်သုံးခြင်းဖြင့် အစာချေ စနစ်ကို ပိုမို အသက်ဝင်စေပြီး အာဟာရ များအား ပိုမို ဆုပ်ယူ ပေးနိုင်မှာ ဖြစ်ပါတယ်။
၃။ အစားစားပြီး
အမှန်တော့ အစားစားပြီးချင်း ရေသောက်ခြင်းကို ဆေးပညာရှင် များက အားမပေး ပါဘူး။ အစားစားပြီး တစ်နာရီခွဲ အတွင်း ရေသောက်ရင် ယင်းရေဟာ မိမိရဲ့  အစာချေစနစ်ကို အနှောက့်အယှက် ပေးနိုင်လို့ ဖြစ်ပါ တယ်။
၎။ ညနေအချိန်
ညနေ ၂ နာရီ ကနေ ၃ နာရီကြားမှာ ရေ ၁ခွက် သို့မဟုတ်၂ ခွက်လောက် သောက်သင့်တယ် လို့ ဆိုပါတယ်။ တစ်မနက်လုံး လူပင်ပန်း သမျှ၊ စိတ်ပင်ပန်း သမျှကို ယင်းအချိန် ရေသောက် ခြင်းဖြင့် ပြန် လည်လန်း ဆန်းစေ ပါတယ်။
၅။ ညအိပ်ယာဝင်ခါနီး
ည အိပ်ယာ ၀င်ခါနီးဆိုတာ မအိပ်ခင် တစ်နာရီ ဖြစ်ပါတယ်။ ညအိပ်တဲ့ခါ ကိုယ်တွင်းမှာ အစာချက် လုပ်ငန်းနဲ့ အခြားသော လုပ်ဆောင်ချက်များ အတွက် ရေလို အပ်ပါတယ်။ ဒါကြောင့် အိပ်ယာ မ၀င်ခင် ရေသောက်နိုင် သလောက် အတန်သင့် သောက်ထားခြင်းဖြင့် အစာချေ စနစ်ရော၊ ကိုယ်တွင်း လုပ်ဆောင်ချက်ကိုရော ပုံမှန်အတိုင်း ကျန်းမာစွာ လည်ပတ်စေမှာ ဖြစ်ပါတယ်။
ချွင်းချက်- ရာသီဥတု ပူအိုက်တဲ့အခါ ချွေးအထွက် လွန်တဲ့အတွက်၊ ချွေး အထွက် များတဲ့ အတွက် တစ်ခါတစ်လေ ကျရင် ရေအရမ်းဆာ တတ်ပါတယ်။ အဲ့ဒီအချိန်ကျ ဘာမှ သတ်မှတ် မနေတော့ပဲ ရေအငတ်ပြေ ဖို့အတွက် သောက်သုံးဖို့ လိုအပ်ပါတယ်။ ရေဆာနေတုန်း အချိုရည် သောက်သုံးခြင်း ထက် ရေသောက်သုံးခြင်းကသာ ကျန်းမာရေး အတွက် ပိုမို သင့်လျော် ကောင်းမွန် ပါတယ်။
အထက်အပါ အတိုင်း စနစ်မှန်၊ ပမာဏမှန် ရေသောက်သုံးမယ် ဆိုရင် လူ့ကျန်းမာရေး အတွက် များစွာ အကျိုး ထူးစေမှာ ဖြစ်ပါတယ်။

ချစ်မေတ္တာ စာစုများ


ကောင်မလေးတစ်ယောက်က သူ့ချစ်သူ ကောင်လေးကို သူမ လှသလားလို့ မေးတော့ ကောင်လေးက “မလှဘူး”လို့ပဲ ပြန်ဖြေလိုက်ပါတယ်။

သူမနဲ့အတူ ထာဝရ နေချင်သလားလို့မေးတော့ ကောင်လေးက “မနေချင်ဘူး”လို့ပဲ ပြန်ဖြေလိုက်ပါတယ်။

အဲဒီနောက် သူမသာ အဝေးကို ထွက်ခွာသွားမယ်ဆိုရင် သူ ငိုမှာလားလို့ မေးလိုက်တော့ ကောင်လေးက “မငိုဘူး”လို့ပဲ ပြန်ဖြေပါတယ်။

ကြားရတာ လုံလောက်နေပြီ ဖြစ်တဲ့အတွက် သူမ အဝေးကိုထွက်ခွာဖို့ လိုအပ်လာပါပြီ။

သူမ အဝေးကို စတင်ထွက်ခွာတဲ့အခါ သူဟာ သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး ခဏနေပေးဖို့ ပြောဆိုပါတယ်။

သူက ပြောလာပါတယ်။ “

မင်းဟာ မလှဘူး။ ချစ်စရာ ကောင်းတာပါ။

ကိုယ် မင်းနဲ့အတူ ထာဝရ မနေချင်ဘူး။ မင်းနဲ့ ထာဝရ အတူရှိနေဖို့ပဲ လိုအပ်တာပါ။

ြဲပီးတော့ မင်းအဝေးကို ထွက်ခွာသွားတဲ့အခါ ကိုယ် မငိုပါဘူး။ ဘာကြောင့်လဲဆိုရင် ကိုယ် သေသွားနိုင်လို့ပဲ”

ရေချိုးရင် သီချင်းအော်ဆိုလိုက်ပါ

ကျန်းမာရေး အတွက် ကောင်းမွန်စေပါတယ်။ ရေချိုးရင် သီချင်းအော်ဆို
လိုက်တဲ့ အတွက်

(၁) လန်းဆန်းတက်ကြွ စေပါတယ်။

(၂) စိတ်ကို ကြည်လင်စေပါတယ်။

(၃) အသက်ရှုအားကို ပိုမို ကောင်းမွန်စေပါတယ်။

(၄) မှတ်ဥာဏ်ကို ဖွံဖြိုးစေပါတယ်။

(၅) စိတ်ဓာတ်ကျဆင်းမူကို လျော့ချနိုင်ပါတယ်။

(၆) သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်နိုင်စွမ်း ရှိပါတယ်။

(၇) လူမူဆက်ဆံရေး အတွက် အထောက်အကူ ပြုစေပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

တံခါး ဘယ်နှစ်ခါခေါက်ရပါမလဲ

တံခါးခေါက်တဲ့ အချိန်မှာ ဘယ်နှစ်ခါခေါက်လေ့ရှိပါသလဲ။ 



ဘယ်နှစ်ကြိမ်ခေါက်ခေါက် တံခါးခေါက်တာပဲ နာမငြီးရင်၊ ပတ်ဝန်းကျင်ကို အနှောင့်အယှက်မဖြစ်ရင်ပြီးရောမဟုတ်လားလို့ ထင်ကောင်းထင်ပါမယ်။ ထုံးစံအတိုင်းပါပဲ၊ ဂျပန်လူမျိုးတွေကတော့ သူတို့ရဲ့ အကျင့်စရိုက်အရ ဘာမဆို လေ့လာမှတ်တမ်းပြုလေ့ရှိကြတဲ့ အတိုင်း ၊ ဂျပန်လူမျိုးအများစုဟာ တံခါးခေါက်ရင် နှစ်ကြိမ်ခေါက်လေ့ရှိပါတယ်တဲ့။ 

ကျွန်မတို့ မြန်မာလူမျိုးများ ကကော တံခါးဘယ်နှစ်ခါခေါက်လေ့ရှိပါလိမ့်လို့ တွေးရင်း ငယ်ငယ်တုန်းက ကစားခဲ့ဘူးတဲ့ ကစားနည်းလေးတစ်ခုကို သတိရမိပါတယ်။ ဒေါက် ဒေါက် ဒေါက် ဘယ်သူလဲ၊ အရူးမကြီးမစာဥ ဘယ်သွားမလို့လဲ ။ စာတွေထဲမှာ သီချင်းတွေထဲမှာ အများအားဖြင့် “ဒေါက်၊ ဒေါက်၊ ဒေါက်” ဆိုပြီး သုံးကြိမ်တွေ့ရပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတကာကလူမျိုးပေါင်းစုံနဲ့ ဆက်ဆံတဲ့ အခါမှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ အများလက်ခံထားတဲ့ သတ်မှတ်ချက်တွေကိုလည်း လိုက်နာလာကြပါတယ်။ တံခါးခေါက်တဲ့ အကြိမ်ကို လိုက်ပြီး သူ့ရဲ့ အဓိပ္ပါယ်တွေရှိပါတယ်တဲ့။ 

အမျိုးသားအများစုက စိတ်လှုပ်ရှားမှု ဖြစ်တဲ့

အမျိုးသမီးများရဲ့ ခန္ဒာအစိတ်အပိုင်း တစ်ခု 

ဂျပန်လူမျိုးတွေရဲ့ အလှအပနဲ့ ခံစားမှု ဟာ ကျွန်မတို့အတွက် တကယ်ကို အနုစိတ်နိုင်လှပြီး တချို့ နေရာတွေမှာ သူတို့ဘယ်လို အမြင်နဲ့ ခံစားနှစ်သက်ကြတာကို ဆောင်းပါးလေးတပုဒ်ကနေ သိရတာကို ဘာသာပြန်တင်ပြလိုက်ပါတယ်။ 
 

မိန်းခလေးများ ဆံပင်လေးမြင့်မြင့်တင်ပြီးစီးထားတဲ့ အချိန်မှာ မြင်ရတဲ့ လည်ပင်းဂုတ်သားလေးဟာ ရင်ဖိုစရာပါပဲ။ ၀င်းကနဲ မြင်လိုက်ရတဲ့ ဂုတ်သားလေးကြောင့် ရင်ဖိုရတဲ့ယောက်ျားသားတွေရှိပါသတဲ့။ ဆောင်းပါးက ဒီလိုပါ။

နေကြပါဦး ၊ ယောက်ျားတွေက ဘာကြောင့်မိန်းမတွေရဲ့ ဒီဂုတ်သားလေးကို မြင်ရယုံနဲ့ ရင်ဖိုရတာလဲ။ ဘာကြောင့်လဲလို့ မေးလာရင် အကြောင်းရင်းကိုဖြေဘို့ လွယ်မယောင်နဲ့ ခက်လှပါတယ်။ ဒါကြောင့် ဦးနှောက်နဲ့ အာရုံကြောဝေဒနာ ပညာအထူးပြု တက္ကသိုလ်တစ်ခုဖြစ်တဲ့ မူစာ့ရှိနို တက္ကသိုလ်ကဆရာ ဆူဂျီ ခဲဆုကဲ ကိုမေးကြည့်ရပါတော့တယ်။ 


ဆရာ။ “ဂုတ်သားလေးကို မြင်ရရုံနဲ့ စိတ်တွေလှုပ်ရှားလာရတယ်ဆိုတာ သမိုင်းကြောင်းနဲ့ ပြန်ကြည့်မယ်ဆိုရင် အဓိပ္ပါယ်ရှိပါတယ်။ ဟိုးအရင် အယ်ဒိုခေတ်ယဉ်ကျေးမှုမှာ မိန်းခလေးတွေ အပျိုဖော်ဝင်တဲ့ အချိန် ဆံပင်အုပ်လုံးသိမ်းခဲ့ကြတယ်တဲ့။ အဲဒီလို ဓလေ့ကနေ မိန်းခလေး အရွယ်ရောက်တာကို သိရတယ်“ဂုတ်သားလေးကို မြင်ရတာ” ဆိုပြီး၊ ယောက်ျားသားတွေအတွက် နိမိတ်လက္ခဏာ အသွင်ဆောင်တယ်ဆိုတာက ဆက်နွယ်ခဲ့တာပါ။”

စာရေးသူ။ “ အော် ဒီလိုကိုး။ အယ်ဒို ခေတ် ကနေစပြီး ဂုတ်သားလေးတွေဟာ စွဲဆောင်မှု ရှိတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တာကိုး။ ဒါပေမယ့် အခုခေတ်မှာ ဆံပင်သိမ်းတာ နဲ့ ပါတ်သက်ပြီး အဲဒီလောက် အဓိပ္ပါယ်နက်နက်နဲနဲတွေမရှိဘူးလို့တော့ ထင်တာပဲ” 

ဆရာ။ “ဖြစ်နိုင်တာ နောက်တစ်ခုက နောက်ဘက်ကနေမြင်ရတဲ့ ပုံသဏ္ဍန်ဆိုတာ လွတ်လွတ်လပ်လပ် ရှိတယ်ဆိုတဲ့ အတိုင်းအတာကလည်း ဆက်စပ်မှုရှိနေတာလည်းပါပါတယ်။ ဂုတ်သားလေးလို အမြဲမြင်နေကျမဟုတ်တဲ့ နေရာကို လှစ်ပြလိုက်တာကလည်း တနည်းအားဖြင့်ယောက်ျားသားတွေကို အဓိပ္ပါယ်တခုခုနဲ့ အချက်ပြတာလို့လည်း ပြောနိုင်ပါတယ်။ ပြီးတော့ စုစည်းချည်နှောင် ဆံပင်လေးတွေ တချို့တလေ ထွက်ကျနေတာကလည်း ယောက်ျားတွေကို စိမ့်ကနဲဖြစ်သွားလောက်အောင် ညို့ဓါတ်ရှိတဲ့ လျှပ်တစ်ပြက် ပုံရိပ်လေးတွေအဖြစ် စွဲဆောင်နိုင်တာလည်းပါပါတယ်။ ” 
 Blogger