Thursday, April 10, 2014

ခရမ်းချဉ်သီးနှင့် အလှအပရေးရာ သိကောင်းစရာ

ခရမ်းချဉ်သီးသည် စွယ်စုံ အသုံးဝင်ပြီး ခန္ဓာကိုယ် ကျန်းမာရေးအတွက် အထူး သင့်လျော်သည့် အသီး တစ်မျိုး ဖြစ်ပါသည်။ ခရမ်းချဉ်သီးမှာ အန်တီအောက်ဆီးဒင့် ဓာတ်များ ကြွယ်ဝပြီး ဗီတာမင်ဓာတ်များ ပေါများစွာ ပါဝင်သည့်အတွက် ကျန်းမာရေး အလို့ငှာ စားသုံးရန် သာမက မျက်နှာနှင့် အသားအရေ အလှအပ အတွက်ပါ အဖိုးတန် အသုံးပြု နိုင်သော အသီးတစ်မျိုး ဖြစ်ပါသည်။

ခရမ်းချဉ်သီးမှာ ဗီတာမင်စီဓာတ် အပြည့်အ၀ ပါဝင်သဖြင့် သွားဖုံးနှင့် သွားရောဂါ မဖြစ်အောင် ကာကွယ်နိုင်သည်။ ဗီတာမင်အေ ကြောင့် အရိုးများ ကြံ့ခိုင်စေပြီး ခန္ဓာကိုယ်မှာ ကယ်လ်စီယမ် စုပ်ယူမှုကို အားပေးသည်။ အနီရောင် ရဲရဲနီနေသော ခရမ်းချဉ်သီးမှာ ဗီတာကယ်လ်ရိုတင်း ဓာတ်ကြွယ်ဝပြီး စားသုံး၍ ခန္ဓာကိုယ်တွင်းတွင် ဗီတာမင်အေ အဖြစ် ပြောင်းလဲ သွားသဖြင့် အမြင်အာရုံ နှင့် ခန္ဓကိုယ် ခုခံအား စနစ်ကို အထောက်အကူ ပြုပါသည်။
အလှအပအတွက် အသုံးဝင်ပုံ များမှာ ခရမ်းချဉ်သီး ရည်နှင့် သခွားသီးအရည် ဆတူရော၍ မျက်နှာတွင် ဂွမ်းစဖြင့် ပွတ်လိမ်းပြီး ၁၅ မိနစ်ခန့် အကြာ ရေနှင့် သန့်စင်ပေးလျှင် မျက်နှာပြင်ရှိ အဆီများကို ဖယ်ရှားပေးပြီး ၀က်ခြံထွက်ခြင်းကို တားဆီး နိုင်ပါသည်။ မျက်နှာပြင် အရေပြား ကြမ်းတမ်းခြင်း ၊ အနီစက်များ ဖြစ်ခြင်း ၊ နေလောင်ခြင်း ၊ အသားအရေ မညီညာဘဲ အကွက်များ ဖြစ်ပေါ် လာခြင်းအား ခရမ်းချဉ်သီး အရည် လက်ဘက်ရည်ဇွန်း ၂ ဇွန်းကို ဒိန်ချဉ် ၄ ဇွန်းနှင့်ရော၍ အရေပြားပေါ် သေချာစွာ ပွတ်လိမ်းပြီး နာရီဝက် အကြာတွင် မျက်နှာသစ် ပေးခြင်းဖြင့် သက်သာ ပျောက်ကင်း စေနိုင်ပါသည်။
ခရမ်းချဉ်သီးအား မျက်နှာမသစ်ခင် ထက်ဝက်ပိုင်း၍ ခရမ်းချဉ်သီးခြမ်းဖြင့် မျက်နှာပေါ် ပွတ်လိမ်းပေးပါက အသားအရေ နူးညံ့ပြီး ချောမွတ် လှပ လာစေပါသည်။ အဲယားကွန်း အအေးခန်း အတွင်း အနေများ၍ အသားအရေ ခြောက်သွေ့ခြင်းအား တစ်နေ့ကို ခရမ်းချဉ်သီး ၂ လုံးခန့် စားသုံးခြင်း ၊ ရေ ၄ ဖန်ခွက် သောက်သုံးခြင်းဖြင့် အသားအရေ မွဲခြောက်မှုမှ ကာကွယ်နိုင် ပါသည်။
ခရမ်းချဉ်သီး ဖျော်ရည် တစ်နေ့ တစ်ခွက် သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ် အ၀လွန် နေသူများ အသားအရေ စစ်၍ ကိုယ်ခန္ဓာ သွယ်လျ လှပ လာစေနိုင်သည့် အပြင် အသားအရေ ၀င်းပစိုပြေ လာစေပြီး ကိုယ်ဝန်ဆောင် မိခင်များ နေ့စဉ် ခရမ်းချဉ်သီး ဖျော်ရည် တစ်ခွက် သောက်သုံးခြင်းဖြင့် သံဓာတ်စုပ်ယူမှုကို အားပေးပြီး သွေးလည်ပတ်မှု ကောင်းမွန်စေကာ သွေးသား သန့်စင် စေနိုင်ပါသည်။ ခရမ်းချဉ်သီး စားသုံးခြင်းကြောင့် ခရမ်းချဉ်သီး မစားသုံးသူများထက် ၃၄ ရာခိုင်နှုန်းခန့် နှလုံးရောဂါ ဖြစ် ပွားနိုင်ချေ လျော့နည်း နိုင်ကြောင်း လည်း သိရှိရသည်။
သို့ဖြစ်ပါ၍ သိပ္ပံအခေါ် Kycoeersicum ဟုခေါ်သည့် ခရမ်းချဉ်သီးသည် မီးဖိုချောင်သုံး ဟင်းလျာ တစ်ခုတွင် သာမက ရောဂါ ကာကွယ်ရေး အတွက်သော် လည်းကောင်း ၊ ခန္ဓာကိုယ် အလှအပ ရေးရာ အတွက်သော် လည်းကောင်း အသုံးပြု စားသုံးသင့်သည့် သီးနှံ တစ်မျိုး ဖြစ်ပါကြောင်း ဖော်ပြလိုက်ရ ပါသည်။

No comments:

Post a Comment

 Blogger