Thursday, April 10, 2014

မတရားမှုတွေထဲမှာ အဆိုးဆုံးကတော့ မတရားမှုတွေကို လက်ပိုက်ကြည့်ပြီး အကျိုးအမြတ်ထုတ်ဖို့ ချောင်းနေတဲ့ သူတွေပါပဲ။

မတရားမှုတွေထဲမှာ အဆိုးဆုံးကတော့ မတရားမှုတွေကို လက်ပိုက်ကြည့်ပြီး အကျိုးအမြတ်ထုတ်ဖို့ ချောင်းနေတဲ့ သူတွေပါပဲ။
မတရားမှုကို မတရားမှုမှန်းသိသိနဲ့ ကြားနေပြီးနေတဲ့ သူတွေဟာလည်း မတရားမှု လုပ်နေသူတွေလိုပါပဲ။
မတရားမှုဆိုတာသိပြီး ဖုံးကွယ်ထားလို့ ကြားနေသူတွေဟာ သူခိုးအားပေး၊ တရားခံဝှက်ပေးလို့ လူမိုက်အားပေး သလိုမျိုးဖြစ်နေလို့ အပြစ်ကြီးလှပါတယ်။
ကြားနေသူတွေက ပြဿနာဖြစ်မှာစိုးလို့၊ အလုပ်ရှုပ်မှာစိုးလို့၊ အချိန်ကုန်မှာစိုးလို့ မသိကျိုးကျွံပြုနေကြတာဟာ မှန်တယ် ထင်ရပေမဲ့ ကိုယ်ပတ်ဝန်းကျင်ပျက်စီးအောင် ကိုယ့်လူမျိုးနဲ့ တိုင်းပြည်ပျက်စီးအောင် ၊
အနာဂတ်လူသားမျိုးနွယ်အကျိုးထိခိုက်အောင် လုပ်နေသမျှ အပြစ်တွေ ကောက်ကျစ်ယုတ်မာအောက်တန်းကျမှု အမှန်တွေကို သိတဲ့သူတိုင်း ကြားမနေသင့်ပေ။

မတရားခံနေရတဲ့သူတွေဘက်က မားမားမတ်မတ်ရပ်တည် ပေးတတ်မှသာ လောကကြီးမှာ မတရားဥပဒေတွေ၊
အစိုးရဆိုးတွေရဲ့ မတရားဖိနှိပ်အုပ်ချုပ်မှုတွေ ဂုတ်သွေးစုပ် အမြတ်ထုတ်မှုတွေကို ဖော်ထုတ်နိုင်ပြီး အေးချမ်းသာယာ ငြိမ်းချမ်းဖွံ့ဖြိုးတဲ့ လူလောကကို ဖန်တီးနိုင်မှာလေ ။
ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်းတွေကို တိုက်ချင်တိုင်း တိုက်နိုင်ခြင်းမှာ ပြဿနာတက်မှာစိုးလို့ မတရားမှုတွေမှန်း သိသိနဲ့ ရေငုံနှုတ်ပိတ်နေကြသော
သူတော်စင် ရဟန်းရှင်လူ ပညာရှိ သူတော်ကောင်းတွေ ကြားနေခြင်းကြောင့်တာ သူယုတ်တွေ သောင်းကျန်းနိုင်ခြင်း ပင်ဖြစ်သည်။
လူတော်လူကောင်းတွေ ပညာရှိသူတော်စင်တွေ မတရားမှုကို ဖော်ထုတ်ဖို့ စည်းရုံးသင့်ပြီ။
လူတိုင်းလူပီသစွာ နေထိုင်သင့်ပြီ
Aung Kyaw Oo
===========

No comments:

Post a Comment

 Blogger