Thursday, April 3, 2014

အတုယူစရာသတ္တဝါ.

အတုယူစရာသတ္တဝါ.
ပုရွက်ဆိတ် (နှုတ်ကပတ်တော်အားဖြင့် ပြင်ဆင်ခြင်း)
လူ့သမိုင်းတစ်လျှောက်မှာ ပုရွက်ဆိတ်တွေဟာ လူတွေအတုယူစရာသတ္တဝါတစ်ကောင်အဖြစ
် အသိအမှတ်ပြုခဲ့ကြပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းသင်ခန်းစာမှတောင် ပုရွက်ဆိတ်နှင့်နှံကောင် ဆိုပြီး ပုရွက်ဆိတ်ရဲ့ကြိုတင်တွေးဆတတ်တဲ့ ဓလေ့တွေ၊ ပြင်ဆင်တတ်တဲ့အကျင့်တွေနဲ့ ပတ်သက်ပြီး သင်ယူခဲ့ဖူးပါတယ်။ ပုရွက်ဆိတ်တွေဟာ အင်မတန်သေးငယ်တဲ့ သတ္တဝါလေးတွေ ဖြစ်တဲ့အပြင် နေရာတိုင်းမှာလည်း တွေ့နိုင်တဲ့သတ္တဝါတွေဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေက ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံးရဲ့အလေးချိန်ထက် ပုရွက်ဆိတ်အားလုံးရဲ့အလေးချိန်ဟာ ပိုလေးတယ်လို့ဆိုပါတယ်။ အဲဒါကြောင့် သူတို့တွေဘယ်လိုနေထိုင်ပြီး ဘယ်လိုအသက်ဆက်ကြတယ်ဆိုတာ အင်မတန်စိတ်ဝင်စာ...းစရာကောင်းပါတယ်။
အချင်းလူပျင်း ပုရွက်ဆိတ်ထံသို့သွား၍ သူ၏အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။ ပုရွက်ဆိတ်သည် ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက် နွေကာလနှင့်စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ရှာဖွေသိုထားတတ်၏။ အို.. လူပျင်း၊ အသင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက်နေလိမ့်မည်နည်း၊ အဘယ်သောအခါ နိုးလိမ့်မည်နည်း။ ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်အံ့သောငှါ ခဏလက်လက်ချင်းပိုက်လျက်နေစဉ်တွင် ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာလိမ့်မည်။ (သုတ္တံ ၆း၆-၁၁)
ပုရွက်ဆိတ်လေးတွေဆီကနေ ကျွန်တော်တို့ ဘာသင်ခန်းစာယူနိုင်သလဲဆိုရင်.. သူတို့ရဲ့ ကြိုတင်ပြင်ဆင်တတ်တဲ့ အလေ့အကျင့်လေးတွေကို ယုံကြည်သူတွေ သင်ခန်းစာယူသင့်ပါတယ်။ အစာခေါင်းပါးမယ့်အချိန်အတွက် လုံလောက်တဲ့အစာကို သိုမှီးတတ်တဲ့အလေ့အထလေးကို တွေ့ရပါတယ်။ အစာငတ်ပြီးသေသွားတဲ့ ပုရွက်ဆိတ်ဆိုတာ မရှိဘူးဆိုတဲ့သဘောပါ။ ယုံကြည်သူများ အသက်တာမှာလည်း ဝိညာဉ်ရေးရာအစာဖြစ်တဲ့ နှုတ်ကပတ်တော်ကို ရနိုင်သလောက်သိုမှီးထားသင့်ပါတယ်။ အခွင့်အရေးရရင်ရသလို နှုတ်ကပတ်တော်ကို ခံယူပြီး၊ နှုတ်ကပတ်တော်မကြားနိုင်၊ မခံယူနိုင်တဲ့နေရာဒေသ တစ်နေရာရာရောက်သွားခဲ့ရင် ကိုယ်သိုမှီးထားခဲ့တဲ့ အဲဒီနှုတ်ကပတ်တော်ကပဲ ကျွန်တော်တို့အသက်တာကို ပြန်လည်ခွန်အားပေး ရှင်သန်စေမှာဖြစ်ပါတယ်။
ဒါ့ကြောင့် တနင်္ဂနွေနေ့ပဲဖြစ်ဖြစ်၊ ကြားရက်တွေမှာပဲဖြစ်ဖြစ် တတ်နိုင်သလောက် နှုတ်ကပတ်တော်ကြားနိုင်မယ့် နေရာမျိုး အခြေအနေမျိုးတွေကို ရှာဖွေပြီး အသက်တာကို ပြင်ဆင်ထားသင့်ပါတယ်။ နှုတ်ကပတ်တော်ကို ကြားနေရမှ အသက်တာမှာ ဘုရားသခင်နှင့်ဆိုင်တဲ့ယုံကြည်ခြင်းတွေ ခိုင်မာလာပြီး အသက်တာအတွက် ခွန်အားပြည့်နေမှာဖြစ်ပါတယ်။
သော်တာမောင်

No comments:

Post a Comment

 Blogger