Thursday, April 3, 2014

နံနက်စာ၏ လျှို့ဝှက်ချက်

~နံနက်စာ၏ လျှို့ဝှက်ချက်~
နေ့တစ်နေ့ရဲ့ ပထမဆုံး အစာဖြစ်တဲ့ မနက်စာကို မစားဘဲ ကျော်သွားကြ သူတွေဟာ ကယ်လိုရီများတဲ့ အစာတွေကို မြင်တဲ့အခါ ပိုပြီး စိတ်လှုပ်ရှားအောင် ဦးနှောက်က လှုံ့ဆော်ပေးနေပါတယ်။
:::::နံနက်စာစားခြင်းဖြင့် အစာစားချင်စိတ် လျှော့ချပါ

ကွေကာအုတ် ဖြစ်ဖြစ်၊ ဝေဖာမုန့် ဖြစ်ဖြစ်ကို မနက်စာအဖြစ် စားပေးပါက ထိုတစ်နေ့တာမှာ အဝစာတွေကို စားချင်စိတ် လျော့နည်းမှာပါ။ လေ့လာချက် တစ်ခုအရ မနက်စာ မစားတဲ့သူတွေကို ကယ်လိုရီများတဲ့ ပီဇာမုန့်လို အစာရဲ့ ဓာတ်ပုံကိုပြပြီး သူတို့ရဲ့ ဦးနှောက်ကို Scan လုပ်ကြည့်တဲ့အခါ သူတို့မှာ စားချင်စိတ် ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ မနက်စာ စားသူတွေကို ဒီအစာ ဓာတ်ပုံပဲ ပြကြည့်တဲ့ အခါမှာတော့ ဦးနှောက်မှာ ဘာအပြောင်းအလဲမှ ဖြစ်ပေါ်တာကို မတွေ့ရပါဘူး။ ဒါကြောင့် မနက်စာ စားပါက တစ်နေ့တာလုံးမှာ အဝစာစားချင်စိတ် လျော့နည်းနေမှာပါ။
:::::နည်းနည်းလုပ်၊ များများလျော့...
လေ့လာချက် တစ်ခုအရ ကိုယ်အလေးချိန် ကျဖို့အတွက် ဘဝနေထိုင်မှုပုံစံကို အနည်းငယ်ပြောင်းတာ (ဥပမာ,,, အစာစားနေစဉ် TV ပိတ်ထားတာ၊ တစ်ခါစား နည်းနည်းသာ စားတာနဲ့ အထက် ဖော်ပြပါ နည်းတွေ ပြုလုပ်တာ) ဟာ အစာ နင်းကန် လျော့စား သူတွေထက် စာရင် သုံးလအကြာမှာ ကိုယ်အလေးချိန် သိသာစွာ ပိုလျော့ကျတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သေးငယ်တဲ့ ပြောင်းလဲမှုဟာ ကြီးမားတဲ့ ပြောင်းလဲမှု ထက်စာရင် ပြောင်းရ ပိုလွယ်တာကြောင့်ပါ။
ဒေါက်တာနုမြတ်(Good Health)
နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
photo fr google

No comments:

Post a Comment

 Blogger