Saturday, March 29, 2014

Bo Phyu - A Phyu Yaung Tanshin

Myo Gyi- Athat Sont Khe' A Chit

Myo Gyi - Mee Pyah Tite

Kho Lone Yar

ကိုးကွယ်သောနှလုံးသား

Ko daw a nar mar

ယေရှုကြောင့်သာ

Sang Pi - Ko Tweh

A Chit Sit - Sang Pi

Sang Pi and Myo Gyi - Bo Wah Mee Eain

Sang Pi and Chan Chan

ဆောင်းညသက်သေ...မီးမီးခဲ

ခရစ်မတ်(စ်)အဓိပ္ပါယ်.....အယ်လွန်းဝါ

အံ့သြဘွယ် ဂျူးလူမျိုး

 

အံ့သြဘွယ် ဂျူးလူမျိုး

(အစ္စရေးလူမျိုး)

မိတ်ဆွေတစ်ဦး ပို့ပေးလိုက်တဲ့ Isreal - Facts of History အကြောင်းကို ဖတ်ကြည့်နေပါတယ်။ ၁၅ မိနစ်လောက်ပဲ ကြာမယ်ဆိုပေမဲ့ နာရီများစွာ ကြာသွားပါတယ်။ စိတ်ဝင်စားစရာ ကမ္ဘာကျော် အစ္စရေးလူမျိုး (ခရစ်ယာန်သမ္မာကျမ်းစာ အရဆိုရင် က္ကုသရေလလူမျိုး) အကြောင်းဆိုတော့ ......

ဂျူး နဲ့ အာရပ် အရှေ့အလယ်ပိုင်း အရေးအခင်းကို ကြည့်ရင် အစ္စရေး Benjamin Netanyahu အင်တာဗျူးမှာ ဒါငါတို့မြေပဲ .. လို့ပြောပါတယ်။ ခရစ်ယာန်တက္ကသိုလ်တခုက ပါမောက္ခတစ်ဦးက အချက်အလက်များနဲ့ ရေးထားပါတယ်။

၁။ နိုင်ငံနဲ့ ဂျေရုဆလင်မြို့ ဟာ B.C 1312 (လွန်ခဲ့တဲ့ နှစ်၃၃၀၀) ကတည်းက အစ္စလမ်ဘာသာ မပေါ်ခင်ကတည်းက ရှိခဲ့ပါတယ်။

၂။ အာရပ်ဒုက္ခသယ်များ (ပါလက်စတိုင်း) ကိစ္စဖြစ်ပြီး နှစ်၂၀အကြာ 1967 ခုနှစ်မှာ အစ္စရေးနိုင်ငံ ခိုင်ခိုင်မာမာပေါ်လာပါတယ်။

ခရစ်ယာန်ဘာသာ၏အနှစ်သာရ

PDF version for who does not have Burmese font

ဤကမ္ဘာပေါ်၌ ဘာသာရေးမြောက်များစွာရှိသည်။ ဘာသာတိုင်း၌ အချက်ကြီးသုံးချက်ရှိသည်။ ၄င်းတို့မှာ

(က) ယုံကြည်လက်ခံခြင်း (Doctrine)
(ခ) ကိုးကွယ်ခြင်း (Rites) နှင့်
(ဂ) ကျင့်ကြံခြင်း (Ethics) များဖြစ်ပါသည်။


ခရစ်ယာန်ဘာသာရေးဟူသမျှ၌ အထက်ပါအချက်များ ရှိစမြဲဖြစ်သည်။ ခရစ်ယာန်ဘာသာရေး တစ်ခုစီ၌ အထက်ပါ အချက်များအပေါ် ဦးစားပေးခြင်း မတူညီကြပါ။ တစ်ချို့သည် ယုံကြည်ခြင်း (Doctrine)၊ တစ်ချို့သည် ကိုးကွယ်ခြင်း (Rites) နှင့် တစ်ချို့သည် ကျင့်ကြံခြင်း (Ethics) တစ်ခုခု ဦးစားပေးတတ်ကြပါသည်။ သို့ရာတွင် တစ်ခုကိုမျှ ပစ်ပယ်၍မရပါ။ အထက်ပါအချက်များအနက် တစ်ခုခု မပါရှိပါက ဘာသာရေးမဟုတ်တော့ပဲ၊ စဉ်းစားဥာဏ် (ideology) တစ်ခုခု၊ သို့မဟုတ် တွေးတော ဆင်ခြင်ခြင်း (Philosophy) တစ်ခုခု ဖြစ်နိုင်ပါသည်။ သို့ဖြစ်၍ ခရစ်ယာန် အသက်တာ၌ အထက်ပါ အချက် (၃) ချက်ကို လိုအပ်ပါသည်။

သင်ခန်းစာ အမှတ် (၃၂) နောက်ဆုံးသောကာလ


ခေတ်ကာလ၏ နောက်ဆုံးသောအချိန် - နောက်ဆုံးသောကာလနှင့် ပတ်သက်သော အခြေခံပုံသေ ယုံကြည်ချက်။ ဤသင်ခန်းစာတွင် အောက်ပါအချိန်များ ပါဝင်ပါသည်။ သခင်ဘုရား၏နေ့၊ အန္တိခရစ်၊ ဘေးဒဏ်ကြီး ကာလ၊ ဒံယေလ၏ ခုနှစ်မြောက်ရက်သတ္တပတ်နှင့် အာမဂေဒုန်စစ်ပွဲကြီး။



နိဒါန်း။ သင်ခန်းစာ(၃၄ ) တွင် အသင်းတော်အားချီဆောင်ခြင်းနှင့် ပတ်သက်၍ ကျမ်းစာ၏ ဖော်ပြချက်များကို အပြည့် အစုံ လေ့လာခဲ့ပြီးဖြစ်ပါသည်။ ဤ အချိန်၏နေ့ရက်ကို သတ်မှတ်နိုင်ခြင်းမရှိပါ။ ကြိုတင်၍ ပရောဖက် ပြုထားသော အရာများသည် အမှန်ဖြစ်လာသည့် နေ့ရက်မတိုင်မီ သူတို့သည် သိနိုင်စွမ်း မရှိပါ။ ကြိုတင်၍ ပရောဖက် ပြုထားသော အရာများသည် အမှန်ဖြစ်လာသည့် နေ့ရက်မတိုင်မီလူတို့သည် သိနိုင်စွမ်း မရှိပါ။ ထိုအရာတို့ ပြည့်စုံ လာမည့် အချိန်ကို မျှော်လင့်လျက် အစဉ်သဖြင့် ပြင်ဆင်ထားရန် ဘုရားသခင်အလိုရှိပါသည်။

အသင်းတော်အား ချီဆောင်ခြင်းသည် သခင်ဘုရား၏ နေ့ကို၎င်း၊ အန္တိခရစ်ကို၎င်း၊ ဒံယေလ ဖော်ပြ ထား သော ခုနှစ်ဆယ်မြောက်သီတင်းကို၎င်း၊ ဘေးဒဏ်ကြီးကာလ ကို ၎င်း၊ နောက်ဆုံး စစ်ပွဲကြီးဖြစ်ကို၎င်း ဘေးဒဏ်ကြီး ကာလကို၎င်း၊ နောက်ဆုံး စစ်ပွဲကြီး ဖြစ်သော အာမဂေဒုန်စစ်ပွဲကို၎င်း တစ်ဆက်တည်း ခေါ်ဆောင်လာပါသည်။ ခရစ်တော်သည် ဘုန်းတော် ထင်ရှားလျက် ကြွလာတော် မမူမှီ ဤသင်ခန်းစာကို ပြင်ဆင်ထားပါသည်။ ဤအဖြစ် အပျက်များသည် တစ်ခုချင်း သင်ခန်းစာ တစ်ခုဖြစ်နိုင်ပါသည်။ သို့ရာတွင် ဤအရာများကို ရှင်းလင်းနားလည်နိုင်ရန် ရည်ရွယ်လျက် အတိုချုပ် ထားပါ သည်။



ဤသင်ခန်းစာအရေးကြီးပုံ

ဗျာဒိတ်ကျမ်းထဲမှ ကောင်းကင်နိုင်ငံတော်အကြောင်း

ကောင်းကင်နိုင်ငံတော်နှင့် ပတ်သတ်ပြီး လေ့လာစရာ၊ သိမှတ်စရာ မြောက်များစွာ ရှိနေပါသည်။ သင့် အနေ ဖြင့် ကောင်းကင်နိုင်ငံတော် အကြောင်းကို မည်မျှလောက် စဉ်းစားခဲ့ပါ သနည်း။ ကောင်း ကင် နိင်ငံတော် အကြောင်း မည်မျှလောက် သင်သိရှိပြီးပါပြီလဲ။ ကျွန်တော်တို့သည် ထာဝရ နာ ကျင်ခြင်းနှင့် ဝမ်းနည်းခြင်း တို့ ကင်မဲ့ရာနေရာ၊ အပြစ်တရားနှင့် သေခြင်းတရား ကင်းမဲ့ရာ နေရာ၊ ပျော် ရွင်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ပြည့်စုံရာနေရာ အကြောင်းကို သင်မည်မျှ လောက် သိရှိပြီး ပါပြီလဲ။
 
ကျွန်တော်သည် အမှုတော်ဆောင် တစ်ဦးအနေဖြင့် မကြာခဏ ခရီးထွက် ရပါသည်။ ထိုသို့ ခရီးမထွက် ခင်ကပင် အချိန်အနည်းငယ် ယူပြီး ထိုဒေသ အကြောင်း၊ ရာသီဥတု၊ စီးပွားရေး အခြေအနေ၊ လူတို့၏ စရိုက် သဘော၊ အခြေအနေအမျိုးမျိုးကို ကြိုတင်လေ့လာကာ ခရီစဉ်အတွက် ပြင်ဆင်လေ့ ရှိပါသည်။ယခု ကျွန်တော်တို့ သွားရမည့် နေရာသည် ခဏတာ အလည်အပတ်အပတ် ခရီးမဟုတ်။ ထာဝရ ကာလနေ ထိုင်ရမည့် နေရာ ဖြစ်သောကြောင့် ပိုမို လေ့လာ သင့်သည်ဟု ထင်ပါသည်။ သမ္မာကျမ်းစာတွင် ကျွန်တော် တို့၏ နာမည်များသည် ထိုနေရာတွင် ရှိနေပြီး ဖြစ်သည်ဟု ရေးသားထားပါသည်။ ထိုနေရာ သည် ကျွန်တော်တို့၏ အမွေခံရာ တိုင်ပြည်နှင့် နိုင်ငံသားများပင် ဖြစ်သည် မဟုတ်ပါလော။ ထိုနေရာသည် ကျွန်တော်တို့ သိရှိထားသည့် ကောင်းကင်နိုင်ငံတော်ပင် ဖြစ်ပေတော့သည်။ ကျွန်တော်အနေဖြင့် ထိုနေရာအကြောင်းကို လေ့လာနိုင် သလောက် များစွာ လေ့လာလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော် ထာဝရ ကာလနေထိုင်ရမည့် နေရာဖြစ်သောကြောင့် ဖြစ်ပါသည်။ထိုနေရာကို လေ့လာနိုင်ရန် ထိုနေရာကို မြင်တွေ့ခဲ့ရသူကိုယ်တိုင် ပြောပြသော အကြောင်းအရာများကို ပိုမို ဦစားပေး ရမည်ဖြစ်ပါသည်။ ထိုနေရာကို မည်သူ ရောက်ရှိ မြင်တွေ့ခဲ့ပါသနည်း။ သခင်ခရစ်တော်၏ ဗျာဒိတ်ကျမ်းကို ရေးသားသော စာရေးဆရာက ပြောခဲ့သည်မှာ

ပညာသင်ကြားခြင်းလား၊ အယူသွတ်သွင်းခြင်းလား

ပညာသင်ကြားခြင်းလား၊ အယူသွတ်သွင်းခြင်းလား

သူငယ်တန်းကလေးငယ်တစ်ယောက် (အခုအခေါ်တော့ Grade 1) စာကျက်နေတဲ့အခိုက်အတန့်တစ်ခ
ုကို မထင်မှတ်ဘဲ ကြုံတွေ့ခဲ့ဖူးတယ်။ သူငယ်တန်းကျောင်းသူလေးက အထွေထွေသိပ္ပံဆိုတဲ့ဘာသာကို ကျက်မှတ်နေတာပါ။ ကလေးငယ်ရဲ့ ပတ်ဝန်းကျင်စူးစမ်းလေ့လာနိုင်တဲ့အစွမ်းကို သင်ကြားပေးတဲ့ အထွေထွေသိပ္ပံဘာသာရပ်ကို “ခြေလေးချောင်းရှိသော သတ္တ၀ါများမှာ ခွေး၊ ကြောင်၊ ဆင်၊ မြင်း၊ နွား တို့ဖြစ်ပါသည်” ဆိုတဲ့အသံစာစာလေးကို ထပ်ခါထပ်ခါကြားနေရတဲ့အခါ ကျွန်တော့်စိတ်ထဲ ဘ၀င်မကျနိုင်တော့ဘူး။ ဒါနဲ့ “သမီး။ ခြေလေးချောင်းရှိတဲ့သတ္တ၀ါတွေက အများကြီးရှိတယ်လေ ဒီ ၅ကောင်ထဲမှမဟုတ်တာ။ ကျက်စရာမလိုဘူး သမီးမြင်ဖူးတဲ့သတ္တ၀ါတွေ စဉ်းစားပြီးပြောပါလား” လို့ ပြောလိုက်တော့ သူငယ်တန်းကလေးလေးက ကျွန်တော့်ကို အ ရန်ကောဆိုတဲ့အကြည့်နဲ့ကြည့်ပြီး ပြန်ပြောတယ်။ “ဆရာမက ဒီအတိုင်းပဲသင်ထားတာ ဒီအတိုင်းမဖြေရင် အမှတ်လျော့လိမ့်မယ်တဲ့”

အောင်မြင်ကျော်ကြားခဲ့သူများ၏ အဖိုးတန်အဆိုအမိန့် များ



အောင်မြင်ကျော်ကြားခဲ့သူများ၏ အဖိုးတန်အဆိုအမိန့် များ


အင်တယ်လ် အိုင်တီသူဌေးကြီး ဘီလ်ဂိတ်
ခင်ဗျားသာ ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာခဲ့ရင် အဲဒါ ခင်ဗျား အမှား မဟုတ်ဘူးဗျ။
ဒါပေမဲ့ ချို့ ချို့ တဲ့တဲ့နဲ့ သေသွားရင်တော့ ခင်ဗျား အပြစ်ပဲနော်။

သူတော်စင် ၀ိဝေကနန္ဒ

တကယ်လို့ နေ့တစ်နေ့အတွင်းမှာ ပြဿနာ တစုံတရာကို သင်မကြုံခဲ့ရသေးဘူး ဆိုရင် သင် လမ်းမှားပေါ်
လျှောက် နေပြီဆိုတာ သိပ်သေချာနေပြီ။

ပြဇာတ်ဥသျှောင် ၀ီလျှံ ရှိတ်စပီးယား

အောင်ပွဲရဖို့ဆိုတာ အကြောင်းသုံးချက်ပြည့်စုံရတယ်။
- တခြားသူတွေထက် ပိုသိရမယ်
- တခြားသူတွေထက် ပို ကြိုးစားရမယ်
- အဲ… တခြားသူတွေလောက်တော့ အလှမ်းမကျယ်စေနဲ့။

နာဇီစစ်အာဏာရှင် အဒေါ့ဖ် ဟစ်တလာ

စစ်တိုက်လို့ နိုင်နေသမျှ မင်းရှင်းပြစရာ မလိုဘူးကွ။ အေး-----စစ်ရှုံးလာပြီ ဆိုရင်လည်း
ဘာကြောင့်ဆိုတာ ရှင်းပြဖို့ မင်း အသက် မရှင်နဲ့တော့။

အလန် စထရိုက်

ကမ္ဘာပေါ်က ဘယ်သူနဲ့ဖြစ်ဖြစ် သင့်ကိုယ်နဲ့ မနှိုင်းမိပါစေနဲ့။ တကယ်လို့ နှိုင်းယှဉ်မိလိုက်ရင်တော့ သင့်ကိုယ်သင် စော်ကားလိုက်တာပဲ။

ကရုဏာရှင် မာသာထရီဇာ

မြင်နေရတဲ့ တို့ရှေ့ ကလူတွေကို တို့များတတွေ မချစ်နိုင်သေးသမျှ မမြင်ဖူးသေးတဲ့
အဖဘုရားသခင်ကို ကြည်ညိုနိုင် ပါ့မလား ကလေးတို့ရယ်။

စကိတ် ချန်ပီယံ ဘော်နီ ဘလဲရ်
အနိုင်ရတယ်ဆိုတာ တကယ်ဆိုတော့ ပြိုင်ပွဲမှာ ပထမရတာ မဟုတ်ဘူးရှင့်။ အရင်တုန်းကထက်
ပိုကောင်းတာကို ရှင်တို့ ကျွန်မတို့ လုပ်နိုင်လိုက်တာပါဘဲ။

တီထွင်ပညာရှင် သောမတ်စ် အက်ဒီဆင်

အကြိမ် တစ်ထောင်လုံး ကြိုးစားတာ် မအောင်မြင်ဘူးလို့ ကျုပ်တော့ မပြောဘူး။ ရှုံးနိမ့်စေနိုင်တဲ့
အကြောင်းရင်းပေါင်း တစ်ထောင်ကို ကျုပ်တွေ့ရှိလိုက်ပြီလို့ဘဲ ကြေငြာမယ်။

အသက်ကို ရင်းပြီးပြန်ဆိုရသော ဘာသာပြန်ဆရာကြီးများ

New Covenant
အသက်ကို ရင်းပြီးပြန်ဆိုရသော ဘာသာပြန်ဆရာကြီးများ
လေးစားရတဲ့သူတွေထဲမှာ ဘာသာပြန်စာရေးဆရာကြီးတွေလဲပါ ပါတယ်။
ဘာသာပြန်တယ်ဆိုတာ ပြန်ဆိုခံ ဘာသာစာပေနဲ့ ပြန်ဆိုရမယ့် ဘာသာစာပေတို့ကို
တတ်ကျွမ်းရ တယ်လို့ ဘာသာပြန် စာပေပညာရှင် ကြီးတွေပြောတာ
မှတ်သားရဖူးပါတယ်။

ဘာသာပြန်စာပေ စာတမ်း ဖတ်ပွဲမှာ တင်သွင်းတဲ့စာတမ်းတွေ ကို လက်လှမ်းတစ်မီ

ဖတ်ကြည့်မှ ဘာသာပြန်နိုင်ဖို့၊ ဘာသာပြန်ရတာ ဘယ်လောက်ခဲယဉ်းတယ်သိလိုက်ရ

ပါတယ်။ ဒီတော့မှလဲ ဘာသာပြန် စာရေးဆရာတွေ ကြီး၊ လတ်၊ ငယ် အားလုံးကို ကျေးဇူးတင်ရလှပါ တယ်။

ဆရာကြီးတွေရဲ့ ဘာသာပြန် လက်ရာတွေဖတ်ရ၊ ခံစားရပြန်တော့ လဲ ပြန်တတ်လိုက်ပလေ။ ရေးတတ် လိုက်ပလေလို့ ပီတိဖြစ်ရပါတယ်။

အင်္ဂလိပ်စာကို သေစာရှင်စာ သာတတ်သူအဖို့ စစ်နဲ့ ငြိမ်းချမ်းရေး လို ကမ္ဘာ့

ဂန္ထဝင်ကြီးဖတ်ရတာမျိုး ဟာ ဘာသာပြန်ဆရာကြီးတွေ ဘာ သာပြန်လို့သာ ဖတ်ရတာ ပါ။ ကျေးဇူးကြီးလှပါပေတယ်။

ဘာသာပြန်တဲ့ကိစ္စ တွေးတော့ ကမ္ဘာမှာ -

(က) ပုံနှိပ်ထုတ်ဝေရတဲ့ စောင်ရေ အများဆုံး။

(ခ) ပုံနှိပ်ထုတ်ဝေရတဲ့ အကြိမ်ရေ အများဆုံး။

(ဂ) တစ်မူတည်းကိုပဲ ပြန်ဆိုရတဲ့ ဘာသာအများဆုံး။

(ဃ) ဖတ်၊ လေ့လာသူ အများဆုံး။

(င) ဖြန့်ချိတဲ့နိုင်ငံ အများဆုံးဆိုတဲ့ စာအုပ်တစ်အုပ်ကို သူတို့ဘယ်လိုများ ဘာသာပြန်ခဲ့တာပါလိမ့်လို့ သိချင်မိ လာပါတယ်။

ထရံပေါက်က အသာလှမ်း ကြည့်လိုက်ပါတယ်။

အချက် ငါး ချက်နဲ့ ညီတဲ့စာအုပ်ကတော့ဆရာ ယုဒသန် မြန်မာနာမည်ပေးထားတဲ့ သမ္မာကျမ်း တဲ့။

အင်္ဂလိပ် နာမည် ကဖြင့် Bibliograph ဆို စကား ကယူထားတဲ့ Bible ပါပဲ။
အမှန် က ခရစ်မတိုင်မီ Hebrew ဘာသာနဲ့ ရေးခဲ့တဲ့ စာစောင်ပေါင်း ၃၉ စောင်နဲ့ ခရစ်တော်ပေါ်ထွန်းပြီးမှ Greek ဘာ သာစကားနဲ့ ရေးထားတဲ့ စာစောင် ပေါင်း ၁၂၇ စောင်။ ဒါတွေကို သင့်ရာ ပေါင်းစုလိုက်တော့ စာစုပေါင်း ၆၆ စောင်ရပါတယ်။
ဒီလို စုပေါင်းထား တာမို့ Bibliograph- စာဟောင်းပေ ဟောင်း စုစည်းမှုအတတ် ဆိုစကား နဲ့ဆီလျော်ပါတယ်။ စာစောင်တစ် စောင်ချင်းမှာ သီးခြား ခေါင်းစဉ်တွေ ရှိပါတယ်။ စုပေါင်းပြီး တစ်အုပ် တည်းဖြစ်အောင် လုပ်လိုက်တော့ စာ စောင်ပေါင်း- Bible လို့ပေးလိုက်တာ ပါ။ ဘာသာပြန်ဆရာ့လက်ရာပါ။
အခု ပြောမှာက ဒီကျမ်း အကြောင်းမဟုတ်ပါဘူး။
ဒီကျမ်းကို ဘာသာပြန်ကြတဲ့အကြောင်းပါ။ ပြော ခဲ့သလို။

ဒီကျမ်း (စာစောင် ၆၆ စောင်)ကို မူလက Hebrew ဘာသာ၊ Greek ဘာသာနဲ့ ရေးခဲ့ကြတာ။ ဥရောပမှာ ခရစ်ယာန်ဘာသာ ထွန်း ကားပြန့်ပွားတဲ့ ခေတ်ဦးကာလမှာ ၆၆ စောင်လုံးကို လက်တင်ဘာသာနဲ့ ပြန်ဆိုခဲ့ပါတယ်။ ဒီအခါက လက် တင်ဘာသာကို တော်ဝင်ဘာသာ စကားလို့ သတ်မှတ်ထားကြတာ ကိုး။ ပညာတတ် အထက်တန်းလွှာ တွေသာတတ်တဲ့စာပေါ့။ အင်္ဂလိပ် စကားပြော အင်္ဂလန်မှာ ခရစ်ယာန် ဘာသာဝင် အင်္ဂလိပ်တွေ နေ့စဉ် ဆုတောင်းကြတော့ အင်္ဂလိပ်စကားနဲ့ ပါ။ ဘုရားကျောင်းတွေမှာ ဝတ်ပြု ဆုတောင်းပွဲအခမ်းအနားကြီးတွေ ကျင်းပတဲ့အခါကျမှ လက်တင်ဘာ သာသုံးပါတယ်။ အများလူထု နား မလည်နိုင်ရှာကြပါဘူး။

မကြာခဏ နုံးချည့်ညောင်းညာ တတ်သူတို့ စွမ်းအင်တိုးစေမည့် နည်းများ

Myanma Spectrum
မကြာခဏ နုံးချည့်ညောင်းညာ တတ်သူတို့ စွမ်းအင်တိုးစေမည့် နည်းများ
13-2-2014 (Good Health)
မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။ ရိုးစင်းတဲ့ ဘဝနေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါလိမ့်မယ်။
(၁) ရေများများသောက်ပေးပါ

ရေဓာတ် ခန်းခြောက်မှု ဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ထိထိရောက်ရောက် လုပ်ဆောင်စွမ်း ကျစေတာကြောင့် နုံးချည့်ပင်ပန်း နေတတ်ပါတယ်။ ဒါကြောင့် မကြာခဏ ရေသောက် ပေးရပါမယ်။

သင်၏ယုံကြည်ခြင်း ဘယ်မှာ ရှိပါသနည်း။

ဘုရားသခင်၏ကျမ်းစာ
သင်၏ယုံကြည်ခြင်း ဘယ်မှာ ရှိပါသနည်း။
ကိုယ်တော်ကလည်း၊ သင်တို့ယုံကြည်ခြင်းစိတ်သည် အဘယ်မှာရှိသနည်း ဟု မေးတော်မူလျှင်၊ (လုကာ ၈း၂၅)
တပည့်တော်များသည် ဂါလိလဲအိုင်ကို ဖြတ်သန်းနေစဉ် ကြီစွာသော မုန်တိုင်းနှင့် တွေ့ကြုံခဲ့ရပါသည်။ ထိုအချိန်တွင် ယေရှုကိုယ်တော် မှာ လှေပေါ်တွင် အနားယူနေချိန်ဖြစ်ပါသည်။ ထိုမုန်တိုင်းကြီးကြောင့် တပည့်တော်တို့သည် ပျက်စီးဆုံးရှုံးခြင်းသို့ ရောက်ရှိသွားမည်ကို အလွန် စိုးရိမ်နေခဲ့ပါသည်။ ထိုကြောင့် သူတို့သည် ကိုယ့်တော်ထံသို့ ဆိုးရွားလှသည့် ထိုသတင်းကို တင်ပြခဲ့ပါသည်။ ယေရှုသည် ထိုမုန်တိုင်းနှင့် လေကို ဆုံးမ ၍ ငြိမ်သက်စေခဲ့ပါသည်။

ဤနေရာတွင် တပည့်တော်တို့သည် ယေရှုနှင့် အတူ ရှိနေကြသော် လည်း ကြောက်ရွံ့တုန်လှုပ်မှုကို ခံစားနေရသည်။ ထိုတပည့်တော်တို့တွင် မုန်တိုင်းမှန်သမျှထက်ပိုမို တန်ခိုးကြီးသော ယေရှုအပေါ်တွင် ပိုမို ယုံကြည်ခြင်း ရှိသင့်ကြပါသည်။

ယေရှုကို စိတ်နှလုံးထဲက သိပါသလား

ဘုရားသခင်၏ကျမ်းစာ
ယေရှုကို စိတ်နှလုံးထဲက သိပါသလား
ထာဝရအသက် ဟူမူကား၊ မှန်သောဘုရားသခင် တဆူတည်းဖြစ်တော် မူသော ကိုယ်တော်ကို၎င်း၊ စေလွှတ်တော်မူသော ယေရှုခရစ် ကို၎င်း သိကျွမ်းခြင်းတည်း။ (ယောဟန် ၁၇း၃)
ဂရိဘာသာဖြင့် ရေးသားထားသော ဂရိကျမ်းစာတွင် "သိသည်" ဟူသော ကြိယာစကားလုံးကို (၂) မျိုးရေးသားနိုင်သည်။ ပထမ တစ်လုံးမှာ oida (οἴδα) ဖြစ်ပြီး ဒုတိယတစ်လုံးမှာ ginosko (γινώσκω) ဟူ၍ ဖြစ်ပါသည်။ သို့သော် အသုံးပြုပုံမှာ မတူညီပါ။

ပထမ တစ်လုံး oida ကို ကာယကံရှင်ကိုယ်တိုင် သိမြင်ပြီ ပြောသည့်အခါ၊ စိတ်နှလုံးထဲက နက်နဲစွာ သိသည်ဟု ပြောသည့်အခါတွင် အသုံးပြု သည်။ ယေရှုပြောသည့်အခါတိုင်း oida ကို အသုံးပြုသည်။ ဥပမာ - လုကာ ၅း၆ တွင် "ထိုသူသည် တုံးလုံး နေသည်ကို ယေရှုမြင်တော်မူ၍ ကြာလှပြီဟု သိတော်မူလျှင်"
ဒုတိယမှာ ginosko ကို ကိုယ်တိုင် မမြင်သော်လည်း သိသည်ဟု ပြောလို သည့်အခါ အသုံးပြုသည်။ တစ်စုံတစ်ခုကို သင်ယူသောအခါ သိလာ သည်၊ လေ့လာပြီးသောအခါ သိလာသည်၊ စသည်ဖြင့် ပြောလိုသောအခါ အသုံးပြုသည်။ ဥပမာ ကမ္ဘာကြီး လုံးသည်ဆိုသည့်အကြောင်းကို တကယ် ကိုယ်တိုင် အာကာသတွင် သွားရောက်မကြည့် မမြင်ခဲ့ရသော်လည်း စာအုပ် ဖတ်ပြီး သိလာသည်၊ လေ့လာသောကြောင့် သိလာသည် အစရှိသဖြင့် အသုံးပြုပါသည်။
အထက်က ဖော်ပြသော ယောဟန် ၁၇း၃ တွင် ရေးသားထားသည့် ဘုရားသခင်နှင့် ယေရှုခရစ်တော်ကို သိကျွမ်းခြင်း ဟူသည်မှာ စာဖတ်ဘူး၍ သိခြင်းမျိုး၊ အဖေအမေ ပြော၍ သိခြင်းမျိုး၊ ဘာသာရေး အသိတစ် မျိုးလောက်သာ သိခြင်းမျိုး မဟုတ်ပါ။ အသက်တာထဲတွင် ထိုယေရှုခရစ်တော်ကို အမှန်တကယ် ကိုယ်တိုင်ခံစားပြီး၊ ထိုယေရှုကို မိမိ၏ နှလုံးသားထဲတွင် ခေါ်ဖိတ်ပြီး ထိုသခင်ကို နက်ရှိုင်းစွာ သိကျွမ်းခြင်း ရှိရပါမည်။
ယေရှုကို သင်အမှန်တကယ် သိကျွမ်းသော အသက်တာ ရှိပါသလား။ Oida ဆိုသော သိခြင်းမျိုးနှင့် သိပါသလား။
You might also like:

နောဧနှင့် သက်တံ့ပဋိညာဉ်

ဘုရားသခင်၏ကျမ်းစာ
နောဧနှင့် သက်တံ့ပဋိညာဉ်
တစ်ကမ္ဘာလုံး ရေလွှမ်းမိုးခြင်းအားဖြင့် ဘုရားသခင်သည် မြေကြီးသားများကို စီရင်ပြီးနောက်တွင် နောဧနှင့် မိသားစုကို နောက်တဖန် တစ်ကမ္ဘာလုံး ရေလွှမ်းမိုးခြင်း ရှိတော့မည်မဟုတ်ကြောင်း ကတိပေးတော်မူခဲ့သည်။ ရေအကျကို ရက် ၄၀ စောင့်ပြီးနောက် သဘောင်္ပြတင်းပေါက်ကိုဖွင့်၍ ကျီးအနှင့် ချိုးငှက်တို့ကို ရေခန်းမခန်း စစ်ကြည့်ဖို့ရန် နောဧက အပြင်သို့ လွှတ်ခဲ့သည်။ ရေမခန်းသေးသောကြောင့် နောက် ၇ ရက်အကြာတွင် ချိုးငှက် ကို ပြန်လွှတ်ရာ ထိုချိုးသည် သံလွင်ရွက်ကို ဆိတ်ပြီး ပြန်လာခဲ့သည် ( ကမ္ဘာဦး ၈း၁၁ )။

တစ်နှစ်တာမျှ သဘောင်္ထဲ၌ ကြယ်မမြင်လမမြင်နေခဲ့ကြသော နောဧတို့ မိသားစုအတွက် မြေကြီးပေါ်၌ ထို သံလွင်ရွက်စိမ်းလေးရှိနေသေးခြင်းမှာ အားတက်စရာပင်ဖြစ်သည်။ သာမန်အားဖြင့်ဆိုသော် တစ်နှစ်မျှ ရေလွှမ်းမိုးသောနေရာမျိုးတွင် သစ်ပင်ပန်းမန်များ ရေညှိဖုံးကာ သေကြေပျက်စီးတတ်ကြသည်။ သို့သော် သံလွင်သီး၊ သံလွင်ဆီ၊ သံလွင်ရွက်၊ သံလွင်ပင်၊ သံလွင်ခေါက်ဟူ၍ စားဖို့၊ ဆေးဝါးအဖြစ်သုံးဖို့ လိုအပ်လှသော ထိုသံလွင်ပင် မပျက်စီးဘဲနေခြင်းမှာ ဘုရားသခင်၏ လက်ရုံးတော်ပင်။ နောဧ နှင့် မိသားစုအတွက် မြေကြီးပေါ်၌ ပြန်လည်ပြီး ဘ၀သစ်စတင်ရန်လည်း အဆင်ပြေအောင် ဘုရားသခင် ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။ ထို့အရင်၌ မြေပေါ်မိုးမရွာစဖူးသော်လည်း ( ကမ္ဘာဦး ၂း၅၊၆ )၊ ထိုအချိန်မှစ၍ မျိုးစေ့ကြဲစိုက်ပျိုးရာ မိုးကာလ၊ နွေကာလ၊ ဆောင်းကာလဟူ၍ ဘုရားသခင်သည် သူတို့အတွက် ရာသီဥတုကို ပိုင်းခြားပေးခဲ့သည်(၈း၂၂)။ ဤရွေ့ကား ဥတုအစပင်။

ကျမ်းစာထဲမှာ လိင်တူဆက်ဆံသူတွေကို ဘယ်လို ဖော်ပြသလဲ။


ဘုရားသခင်၏ကျမ်းစာ
ကျမ်းစာထဲမှာ လိင်တူဆက်ဆံသူတွေကို ဘယ်လို ဖော်ပြသလဲ။
သောဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌၊ အလွန်အပြစ် များသောသူ ဖြစ်ကြသတည်း။ (ကမ္ဘာ ၁၃း၁၃)
မည်ကဲ့သို့ အပြစ်များသနည်း ဟုမေးပါလျှင် ကမ္ဘာဦး ၁၉း၎-၅ ကို ဖတ်ကြည့် ပါက ယောင်္ကျားချင်း ဆက်ဆံရခြင်းကို အားရ ကျေနပ်ကြသူများဖြစ်သည်။ ထိုနေရာတွင် လောတက သောဒုံမြို့သားများကို "မိမိတွင် အပျိုစင် သမီးနှစ်ယောက်ရှိပါသည်။ သူတို့ကို ပြုချင်ရာ ပြုနိုင်ပါသည်" ဟု ပြောသည့် တိုင်အောင် လက်မခံနိုင်ဘဲ လောတ၏ ဧည့်သည်များကိုသာ တွင်တွင် တောင်းဆိုနေတော့သည်။

ဤသည်မှာ သောဒုံမြို့သားများ၏ အပြစ်ပင်ဖြစ်သည်။ ထိုအကြောင်းကြောင့် ပင် ထိုမြို့ကို ဖျက်စီးပစ်ရန် ဘုရားသခင်က ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်သည်။
ဝတ်ပြုရာ ၁၈း၂၂-၃၀ အထိ ဖတ်ကြည့်လိုက်ပါလျှင် ယောင်္ကျားချင်း ရွံ့ရှာ ဘွယ်အမှုကို ပြုသောသူသည် အမျိုးထဲမှာ မရှိသင့်၊ ထိုသူကို မိမိအမျိုးက ထုပ်ပယ်ရမည်ဟု ဖော်ပြထားသည်။ ဘုရားသခင်က ထိုကဲ့သို့သောလူမျိုးကို လုံးဝလက်မခံနိုင်ကြောင်း သိနိုင်ပါသည်။

အလှူ


Murann Ezine
ဘီလ်ကလင်တွန်ဟာ ၂၁ရာစုရဲ့ အလွန်ထူးချွန်၊ လေးစားရလောက်သူတစ်ဦးဖြစ်ပါတယ်။ သန်းကြွယ်သူဌေးလဲဖြစ်ပါတယ်။ အလွန်လှုဒါန်းသူလဲဖြစ်ပါတယ်။ ဒါတင်မက အလှုရှင်များကို လှို့ဆော်ပေးတဲ့ အလှုရှင်ဖောင်ဒေးရှင်းတစ်ခုနဲ့ သူ့ဘဝရဲ့နောက်ဆုံးအချိန်များကို ကုန်ဆုံးစေပါတယ်။ သူ့ရဲ့ အကြီးမားဆုံး လုပ်ဆောာင်ချက်ကြီးကတော့ အမေရိကန်သမ္မတအဖြစ် ၂ကြိမ်တိုင် ရွေးကောက်ခံရပြီး၊ သူ့သမ္မတသက်တမ်းတစ်လျှောက်မှာ တကမ္ဘာလုံး စစ်တွေရပ်စဲအောင်ကြိုးစားရင်း၊ စီးပွားရေးကောင်းအောင် လုပ်ဆောင်ခဲ့ပါတယ်။ အာရပ်အစ္စရေးငြိမ်းချမ်းရေးကို အထူးသဖြင့် အီဂျစ်၊အစ္စရေး ၂နိုင်ငံအတွက်အထူး ငြိမ်းချမ်းရေးလုပ်ဆောင်နိုင်သူအဖြစ် ထင်ရှားပါတယ်။ သူ့ရဲ့ သမ္မတသက်တမ်း၂ဆက် ၈နှစ်အပြီးမှာ ဘာသာရေးပြင်းထန်သူ သမ္မတဂျော့ဘွတ် ၂ကြိမ် (၈နှစ်) သက်တမ်းအချိန်မှာ မူဆလင်များကိုအကြမ်းဖက်တုံ့ပြန်ရင်း၊ တိုင်းပြည်လဲတော်တော် စီးပွားချွတ်ခြုံကျသွားပါတယ်။ လူဖြူတွေအုပ်စိုးတဲ့ အမေရိကားမှာ လူဖြူ ၂အုပ်စု (ဒီမိုကရက်တစ်နဲ့ရီဘာဗလီကင်)တို့ အမေရိကန်ရဲ့ နောက်သမ္မတကိုရွေးချယ်တဲ့အခါ လူမဲကပြား၊ အိုဘားမား အနိုင်ရရှိပြီး ၂ကြိမ်ဆက်တိုက် သမ္မတဖြစ်နေပါတယ်။
လှုဒါန်းခြင်းစာအုပ်ရေးသူ ဘီကလင်တွန်ဟာ မြန်မာနိုင်ငံကိုလာရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို အမေရိကန်တွေ အများကြီးစိတ်ဝင်စားပါတယ်။ အမေရိကန်များ မြန်မာပြည်တွင်းလာရောက် မရင်းနှီးကြပေမဲ့ အမေရိကန်ရဲ့ခွင့်ပြုချက်ဟာ အသက်တမျှအရေးကြီးလှတဲ့ကာလဖြစ်လို့ ဘီကလင်တွန်၊ သမ္မတအိုဘားမား၊ အမေရိကန်ကြီးစိုးတဲ့ ကမ္ဘာဘဏ်တို့ လာရောက်ခြင်းဟာ အရေးကြီးပါတယ်။ ကမ္ဘာကြီး ဘယ်လောက်ငြိမ်းချမ်းရေးမြတ်နိုးပေမဲ့ စစ်အင်အားအကြီးဆုံး အမေရိကန်ဆိုမှ လူကလေးစားပါတယ်။ ဓနအင်အားကြီးလာရင် စစ်အင်အားလဲကြီးလာပါတယ်။ စစ်အင်အားကြီးတိုင်း ဓနအင်အားမကြီးနိုင်ပါဘူး။

မကြာခဏ ခံစားရလေ့ရှိသော လေပွခြင်း

 
ပိုပိုဇော်(သဘာဝအားအင်)

မကြာခဏ ခံစားရလေ့ရှိသော လေပွခြင်း
•••••••••••••••••••••••••••••••••••••••••••••••••••••••
by ‪#‎ပိုပိုဇော်‬(သဘာဝအားအင်)February 15, 2014 at 1:19am

ဝမ်းဗိုက်ပြည့်အင့်ပြီး တင်းကျပ်ကျပ်ဖြစ်ကာ လေပွတာကို ခံစားနေရတာကြောင့် မအီမသာ ဖြစ်နေပါသလား။ ဆေးပညာရှင်တွေက လေပွတာမဖြစ်အောင် ကာကွယ်နည်းတွေကို လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်တယ်လို့ အကြံပြုထားပါတယ်။ ဝမ်းဗိုက်မှာ အဆီတွေ စုနေတာကို ဆိုလိုတာ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်း လေပွတာပြီး ဝမ်းဗိုက် တင်းကျပ်ကျပ်ဖြစ်တာကို တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ခံစားရနိုင်ပါတယ်။ လေပွတာက အသည်းနဲ့ နှလုံးရောဂါတွေ ခံစားရတာကြောင့် ဖြစ်နိုင်ပေမယ့် အများစု ခံစားရတတ်တာကတော့ အူအတွင်းရှိ လေတွေကြောင့်ပါ။ အစားအစာတွေကြောင့် လေပွတာ၊ ဝမ်းချုပ်လို့ လေပွတာ စတဲ့ လေပွတာကို ဖြစ်စေတဲ့ အကြောင်းတွေ များစွာ ရှိတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ဝမ်းမချုပ်ပါစေနှင့်

အမျှင်ဓာတ်အစားနည်းတာ၊ ရေသောက်နည်းတာနဲ့ လှုပ်ရှားမှု မရှိတာတွေကြောင့် ဝမ်းချုပ်စေပြီး လေပွတာကို ဖြစ်စေတယ်လို့ Mayo Clinic မှ သုတေသီ Michael Jensen က ပြောပါတယ်။ ဝမ်းချုပ်တာကြောင့် လေပွတာမဖြစ်အောင် အမျှင်ဓာတ် များစွာ ပါဝင်တဲ့ ကောက်နှံတစ်ခုလုံး၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးနဲ့ အစေ့အဆန်တွေ စားပေးပါ။ အမျိုးသမီးတွေအတွက် တစ်နေ့ကို အမျှင်ဓာတ် ၂၅ ဂရမ်နဲ့ အမျိုးသားတွေအတွက် ၃၈ ဂရမ် စားသုံးသင့်ပါတယ်။ ရေကို တစ်နေ့ ၆-၈ ခွက်သောက်ပါ။ လေ့ကျင့်ခန်းကို တစ်နေ့ နာရီဝက်နဲ့ တစ်ပတ် ငါးရက်လုပ်ပါ။

လက်တို့စ်နှင့် ဓာတ်မတည့်မှုမှ ရှောင်ကြဉ်ပါ

မိုးလင်းလင်းချင်းလုပ်တတ်တဲ့ ဒီအကျင့်(၃)ခုက သင့်တနေ့တာကို ပျက်စီးစေနိုင်



မိုးလင်းလင်းချင်းလုပ်တတ်တဲ့ ဒီအကျင့်(၃)ခုက သင့်တနေ့တာကို ပျက်စီးစေနိုင်
Wednesday, March 26, 2014
သင့်တစ်နေ့တာရဲ့အစကို ပျက်စီးစေနိုင်တဲ့ အချက်တွေကတော့ အများကြီးပေါ့။ အလျင်လိုနေကာမှ လမ်းမှာ ကားပိတ်မိနေတာမျိုး၊ မိုးဖွားလေးတွေ ကျလာမှ ထီးမေ့ကျန်ခဲ့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သင်ကိုယ်တိုင် တမင် ဖန်တီးယူလိုက်ပြီး သတိမထားမိလိုက်တဲ့ ဒီအချက်လေးတွေ ကလည်း သင့်ရဲ့ စွမ်းအားအပြည့်ရှိတဲ့ နေ့တစ်နေ့ကို အစမှာတင် ဖျက်ဆီးလိုက်နိုင်ပါတယ်တဲ့။ လေ့လာကြည့် ရအောင်။

(၁) မနက်အစောကြီးမှာ ကော်ဖီသောက်ခြင်း။
မနက်မိုးမလင်းခင် အစောကြီးဆိုတာ ကော်ဖီအတွက် အချိန်ကောင်းတစ်ခု မဟုတ်ပါဘူး။ သင် ပထမဦးဆုံး နိုးနိုးလာချင်းမှာ သင့်ရဲ့ စွမ်းအားအခြေအနေတွေ မြင့်တက်နေပါတယ်။ ဒီအခါ ကော်ဖီမှာ ပါတဲ့ အပိုသကြားဓါတ်တွေက သင့်ကို ကတုန်ကယင်ဖြစ်ကျန်စေခဲ့ပါတယ်။ ဒီတွေ့ရှိချက်ကိုတော့ Maryland မှာရှိတဲ့ Uniformed Services University မှာရှိတဲ့ ကျန်းမာရေးသိပ္ပံဌာနမှ Ph.D Steven Miller က ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ ကော်ဖီကို သင်အိပ်ရာထပြီးလို့

သင်မသိသေးသော သွေးဖိအား မြင့်တက်ရသည့် အကြောင်းရင်းများ

ဆားပါဝင်မှုများတဲ့ အစာတွေ စားတာကြောင့် ချည်းပဲ သွေးဖိအား မြင့်တက်တာမဟုတ် ပါဘူး။ သွေးဖိအား မြင့်တက်ရတဲ့ တခြားအကြောင်းရင်း တွေလည်း ရှိပါတယ်။ အဲဒီအကြောင်း ရင်းတွေကို မသိသေးတာကြောင့် သွေးဖိအား မြင့်တက်တာကို မထိန်းနိုင် တဲ့ လူနာတွေ အများကြီးရှိတယ်လို့ သိရပါတယ်။ အောက်ပါ အချက်တွေ ဟာ သင်မသိသေးတဲ့ သွေးဖိအား မြင့်တက်စေတဲ့ အကြောင်းရင်းတွေပါ။
၁။ နေရောင်ကာလိမ်းဆေး အသုံးပြုခြင်း

တစ်နှစ်ပတ်လုံး နေရောင်ကာလိမ်းဆေး အသုံး ပြုသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဗီတာမင်ဒီ ချို့တဲ့ တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်အရေပြား ဟာ နေရောင်ခြည် မရှိဘဲ ဗီတာမင်ဒီကို မထုတ်လုပ် နိုင်လို့ပါ။ ဗီတာမင်ဒီဟာ ပျက်စီးနေတဲ့ သွေးကြောတွေကို ပြန်လည်ပြုပြင်နိုင်ပြီး သွေးကြောတွေ ကျန်းမာ စေနိုင်တာမို့ သွေးဖိအား မမြင့်တက်အောင် ကာကွယ် နိုင်ပါတယ။် ဗီတာမင်ဒီ ဓာတ်ချို့တဲတာကြောင့် သင့် သွေးဖိအား မြင့်တက်နိုင်ခြေ သုံးဆခန့်ပိုများသွားတယ် လို့ မစ်ချီဂန်တက္ကသိုလ်မှ သုတေသီတွေကဆိုပါတယ်။

Myaw Link Chat Ta Sone Ta Yar ... Ni Ni Khin Zaw

Myanmar is Not For Sale

ကျွန်တော်မြန်မာ=လင်းလင်း

Myo Gyi Simple life

God Love by Saw Win Lwin

သံမဏိလိပ်ပြာ

Friday, March 28, 2014

နှုတ်ဖြင့် မြွက်ဆိုမမှီကျူး:

Net Yet Twe Atwet

Ikaw ang Star ng Pasko

Ho Tone Ka Eain - Wine Su Khine Thein

Htoo Ein Thin - Kyal tway sone tae nya

ဒီဇင်ဘာအလွမ်း

Sang Pi - Lu Ma Sone Tae X'mas.

A Tu Tu Pyaw Lite

Myanmar X.mas song

Merry X'mas Sang pi

Merry christmas phyu phyu kyaw thin

Myanmar X'mas new song

Myanmar X'mas song

Ta Myae Hte

Sang Pi - Yatanao - Ma Htoo San Tae Nya.

Let It Snow

Here Comes Santa Claus

Welcome Christmas

Extraordinary Merry Christmas

Joyful Hearts

Give Thanks

NEEDTOBREATHE - "Difference Maker"

NEEDTOBREATHE - "The Heart"

Above All

You are My All in All

Lord I Lift Your Name On High

You Are My Hiding Place

Don Moen - I Will Sing Live

1 CORINTHIANS 13:3

BUT HAVE NOT LOVE , I GAIN NOTHING

MATTHEW 6 : 33-34

But seek first his kingdom & his righteousness, and all this things will be given to u as well Therefore do not worry about tomorrow, for tomorrow will worry about itself Each day has enough trouble of its own

Thursday, March 27, 2014

Psalm 41 - Mie Mie Khe and Thu ee Lin

Htoo L Lin & Mi Mi Khel..(Takhin Yeh Myat Mout Daw)

Graham - Nar Nguan Hleh Ba

Chaw Su Khin - Mi Pyah Taih

Lay Lay Wa - Ga Yuh Nar Myiat Tar Shin

Kaung Kin Ban Dar

Ko Sar Myaw Kyih Yar

Lay2 War

နားခိုရာ

City on a Hill

Hosanna

ချစ်စမ်းမောင် - လမ်းပြပါ

ကျွန်နုပ်ကိုသတိရပါ

LUKE 23:42-43 JESUS, remember me when u come into yr kingdom Jesus answered him " i tell u the truth, today U will be with me in PARADISE"

အလိုတော်အတိုင်း

မလခိဇေဒက်

san pi 'n' sung tin par sar nar sit

ငါမျှော်လင့်ခြင်းတည်ရာကျောက်မြတ်

မြန်မာပြည်ကိုချစ်ပါ

အမှတ်တမဲ့မေးခွန်း

Myo Gyi မျိုးကြီး & Sangpi စံပီး

myo gyi ,san pi,naw naw

သခင့်ကြောင့်

Yii Paw Kah A Yhet

EQUAL

Sacrificial Heart

Sang Pi - Tha Khin Yeh A Nar

Sang Pi and Sung Tin Par-chit Taw le mone Di

Myanmar Praise and Worship

Hallelujah

Young Artists For Haiti - Wavin' Flag

ကမ်းလင့်မယ့်လက်များဖြင့်

Burmese gospel song

God want us to be united

Ja Note Call Ba Ei

TOMORROW

Our Father


PSALM 23

                         The LORD is my Shepherd

JOHN 3:27

                  A man can receive only what is given him from heaven


 Blogger