Saturday, March 29, 2014

သင်မသိသေးသော သွေးဖိအား မြင့်တက်ရသည့် အကြောင်းရင်းများ

ဆားပါဝင်မှုများတဲ့ အစာတွေ စားတာကြောင့် ချည်းပဲ သွေးဖိအား မြင့်တက်တာမဟုတ် ပါဘူး။ သွေးဖိအား မြင့်တက်ရတဲ့ တခြားအကြောင်းရင်း တွေလည်း ရှိပါတယ်။ အဲဒီအကြောင်း ရင်းတွေကို မသိသေးတာကြောင့် သွေးဖိအား မြင့်တက်တာကို မထိန်းနိုင် တဲ့ လူနာတွေ အများကြီးရှိတယ်လို့ သိရပါတယ်။ အောက်ပါ အချက်တွေ ဟာ သင်မသိသေးတဲ့ သွေးဖိအား မြင့်တက်စေတဲ့ အကြောင်းရင်းတွေပါ။
၁။ နေရောင်ကာလိမ်းဆေး အသုံးပြုခြင်း

တစ်နှစ်ပတ်လုံး နေရောင်ကာလိမ်းဆေး အသုံး ပြုသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဗီတာမင်ဒီ ချို့တဲ့ တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်အရေပြား ဟာ နေရောင်ခြည် မရှိဘဲ ဗီတာမင်ဒီကို မထုတ်လုပ် နိုင်လို့ပါ။ ဗီတာမင်ဒီဟာ ပျက်စီးနေတဲ့ သွေးကြောတွေကို ပြန်လည်ပြုပြင်နိုင်ပြီး သွေးကြောတွေ ကျန်းမာ စေနိုင်တာမို့ သွေးဖိအား မမြင့်တက်အောင် ကာကွယ် နိုင်ပါတယ။် ဗီတာမင်ဒီ ဓာတ်ချို့တဲတာကြောင့် သင့် သွေးဖိအား မြင့်တက်နိုင်ခြေ သုံးဆခန့်ပိုများသွားတယ် လို့ မစ်ချီဂန်တက္ကသိုလ်မှ သုတေသီတွေကဆိုပါတယ်။

ပြုပြင်ပါ
နေရောင်ကာ လိမ်းဆေး မလိမ်းဘဲ နေ့စဉ် ၁၀ မိနစ်မှ မိနစ် ၂၀ ခန့် နေရောင်ခြည်နုနုကို ခံယူပါ။ ဒါမှမဟုတ်ရင် ဗီတာမင်ဒီကို ၂၀ဝ၀ IU နေ့စဉ်မှီဝဲပါ။
၂။ အမြဲတမ်း နာကျင်မှုရှိနေခြင်း
အဆစ်ကိုက်တာ၊ နာတာရှည်ခေါင်းကိုက်တာ ဒါမှမဟုတ်ြွကက်သားနာကျင်တာလိုမျိုး နာကျင်မှု တွေ သင့်မှာ အမြဲတမ်းဖြစ်ပေါ်နေရင် သွေးဖိအားမြင့် တက်နိုင်ခြေ နှစ်ဆခန့် ပိုမြင့်မားတယ်လို့ လေ့လာမှု အသစ်အရ သိရပါတယ်။ နာကျင်မှု ဝေဒနာခံစားနေရ တာကြောင့် ဗဟိုအာရုံကြောစနစ်မှာ ဖိအားတွေရရှိပြီး သွေးဖိအားမြင့် တက်စေနိုင်တဲ့ ဟော်မုန်း ကော်တီ ဇောတွေ အများအပြား ထွက်လာတာကြောင့်ပါလို့ ဆိုပါတယ်။
ပြုပြင်ပါ
အရှေ့အိန္ဒိယနိုင်ငံမှ တိုင်းရင်းဆေး တစ်မျိုးဖြစ် တဲ့ Boswelli ကို နေ့စဉ် ၁၂၀ဝ မီလီဂရမ် မှီဝဲပြီး နာကျင်မှုဝေဒနာ သက်သာအောင် ပြုလုပ်ပါ။ ဒီတိုင်း ရင်းဆေးဟာ NSAID အကိုက်အခဲပျောက်ဆေး အသုံးပြုသလို နာကျင်မှုဝေဒနာနဲ့ ရောင်ရမ်းမှုတွေ သက်သာနိုင်ပါတယ်။ ဘာဆိုးကျိုးမှ သက်ရောက်မှု မရှိဘူးလို့ ဆိုပါတယ်။
၃။ သက်သတ်လွတ်စားခြင်း
ဟင်းသီးဟင်းရွက်စားတာဟာ ကျန်းမာရေး အတွက် အလွန်ကောင်းပါတယ်။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေစားဖို့ ဆရာဝန်တွေက အမြဲ တမ်းတိုက်တွန်းနေပေမယ့် အသားတွေကို ရှောင်တာ ကြောင့် သင့်သွေးဖိအားမြင့်တက်တာကို ထိန်းနိုင်ဖို့ ခက်ခဲသွားပါတယ်။ အမဲသား၊ ဝက်သား၊ ကြက်သား၊ ကြက်ဆင်သားနဲ့ ငါးတွေမှာ ဗီတာမင် B6 အများ အပြားပါဝင်ပြီး ဒီဗီတာမင်ဟာ သွေးကြောတွေကို ကျန်းမာစေပြီး သွေးကြောပွင့်အား ပိုကောင်းစေ တာကြောင့် သွေးဖိအား မမြင့်မားအောင် ကာ ကွယ်နိုင်တယ်လို့ ဆိုပါတယ်။
ပြုပြင်ပါ
နေ့စဉ် ငါး၊ ကြက်သား ဒါမှမဟုတ် အသား သုံးအောင်စ စားပေးပါ။ အကယ်၍ သက်သတ် လွတ်စားသူဖြစ်နေရင် ဗီတာမင် B6 ပါဝင်မှုများတဲ့ အာလူးဖုတ်၊ ငှက်ပျောသီး၊ ထောပတ်သီး၊ ဆင် ခေါင်းပဲ ဒါမှမဟုတ် ဟင်းနုနယ်ရွက်တွေ စားပါ။
၎။ သွေးဖိအား ကျဆင်းစေသည့်ဆေးဝါး အသုံးပြုခြင်း
သွေးဖိအား ကျဆင်းစေတဲ့ ဆေးဝါးတွေဟာ သင့်သွေးဖိအားကို အမှန်တကယ် ကျဆင်းစေနိုင် တယ်လို့ သင်ထင်နေပါသလား။ အဲလ်ဘတ်အိုင်း စတိုင်း ဆေးတက္ကသိုလ်မှ မကြာခင်က လေ့လာမှု အရ ဒီဆေးဝါးတွေဟာ သွေးဖိအားကို မြင့်တက် စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ သွေးဖိအား ကျ ဆင်းဖို့အတွက် Beta Blocker ဒါမှမဟုတ် ACE Inhibitor လိုမျိုးဆေးတွေ သောက်ရရင် သွေးဖိ အားက ၁၀ မှတ် ဒါမှမဟုတ် ဒါထက်ပိုပြီး မြင့် တက်နိုင်ပါတယ်။ ဒီဆေးတွေဟာ ကျောက်ကပ်မှ ရီနင်လို့ ခေါ်တဲ့ အင်ဇိုင်းထုတ်လုပ်မှုကို အနှောင့် အယှက်ပေး လို့ပါ။ အဲဒီအင်ဇိုင်းတွေ သိပ်များနေရင် သွေးကြောတွေ တင်းကျပ်မှု ဖြစ်တတ်ပါတယ်။ အကယ်၍ ရီနင်အဆင့်ဟာ နိမ့်ကျနေမယ်ဆိုရင် ဒီဆေးဝါးတွေဟာ အလုပ်ကောင်းကောင်း မလုပ် နိုင်တော့တဲ့အတွက် ကျောက်ကပ်က အလုပ်ပိပြီး သွေးဖိအား မြင့်တက်သွားနိုင်လို့ပါ။
ပြုပြင်ပါ
သင်ဟာ ဒီဆေးဝါးတွေကို အသုံးပြုနေရပြီး သင့်သွေးဖိအားဟာ ကျဆင်းမှု မရှိခဲ့ရင် သင့်ဆရာဝန် အား ဆီးဆေး ဒါမှမဟုတ် ကယ်လ်စီယမ် Channel Blocker ဆေးကို ပြောင်းခိုင်းပါ။ ဒီဆေးတွေဟာ သင့်ခန္ဓာကိုယ်မှ ပိုလျှံနေတဲ့ ရေတွေကို ဖယ်ရှားနိုင်ပါ တယ်။ ရီနင်ထုတ်လုပ်မှုပေါ်မှာလည်း သက်ရောက်မှု မရှိဘူးလို့ ဆိုပါတယ်။
သင်အမှန်တကယ် သွေးဖိအား မြင့်တက်နေသလား
သင်ရဲ့ သွေးဖိအားဟာ တစ်ရက်နဲ့ တစ်ရက် ပြောင်းလဲမှုရှိနိုင်သလို မိနစ်ပိုင်းအတွင်းမှာလည်း ပြောင်းလဲမှုရှိနိုင်ပါတယ်။ သွေးဖိအား တိကျမှန်ကန် မှုရရှိဖို့ အောက်ပါတွေကို လိုက်နာရပါမယ်။
၁။ အင်္ကျီ ပေါ့ပေါ့ပါးပါး ဝတ်ပါ ထူထပ်ပြီး လေးလံတဲ့ လက်ရှည်အင်္ကျီတွေကို ဝတ်ထားပြီး သွေးပေါင်ချိန်ရင် သွေးဖိအားဟာ ၂၂ မှတ်အထိ မြင့်တက်နိုင်ပါတယ်။
၂။ သွေးဖိအား မတိုင်းခင် ဆီးသွားပါ ဆီးအိမ်တင်းနေချိန်မှာ သွေးဖိအားတိုင်းရင် သွေးဖိအား မြင့်တက်နိုင်ပါတယ်။ သင်ရဲ့ အာရုံကြောစနစ် က သင့်မှာ ဖိစီးမှုတွေ ရှိနေတယ်လို့ ထင်နိုင်လို့ပါ။
၃။ သွေးဖိအား မတိုင်းခင် ၁၅ မိနစ်ခန့် ငြိမ်သက်စွာ နေပါ ဒါမှ မှန်ကန်တဲ့ သွေးဖိအား အတိုင်းအတာကို ရမှာပါ။
Tip - ဝမ်းချုပ်မခံပါနှင့်
သင်ဟာ ဝမ်းချုပ်လို့ ဝမ်းဗိုက်မှာ နာကျင်မှု ရှိနေရင် သင်ရဲ့သွေးဖိအား အတိုင်းအတာဟာ ၁၀ မှတ်ထိ မြင့်တက်နိုင် ပါတယ်။ အမျှင်ဓာတ် ၁၅ ဂရမ် ကို နေ့စဉ် မှီဝဲရင် အမျိုးသမီး ၁၀ ယောက်မှာ ခြောက်ယောက်နှုန်းဟာ ဝမ်းချုပ်တာမှ ကာကွယ် နိုင်ပြီး နှစ်ပတ်အတွင်း သွေးဖိအား ပြန်လည်ကျဆင်း သွားတတ်ပါတယ်။

ဒေါက်တာခင်မိုးမိုး
Good Health

No comments:

Post a Comment

 Blogger