Saturday, March 29, 2014

ကျမ်းစာထဲမှာ လိင်တူဆက်ဆံသူတွေကို ဘယ်လို ဖော်ပြသလဲ။


ဘုရားသခင်၏ကျမ်းစာ
ကျမ်းစာထဲမှာ လိင်တူဆက်ဆံသူတွေကို ဘယ်လို ဖော်ပြသလဲ။
သောဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌၊ အလွန်အပြစ် များသောသူ ဖြစ်ကြသတည်း။ (ကမ္ဘာ ၁၃း၁၃)
မည်ကဲ့သို့ အပြစ်များသနည်း ဟုမေးပါလျှင် ကမ္ဘာဦး ၁၉း၎-၅ ကို ဖတ်ကြည့် ပါက ယောင်္ကျားချင်း ဆက်ဆံရခြင်းကို အားရ ကျေနပ်ကြသူများဖြစ်သည်။ ထိုနေရာတွင် လောတက သောဒုံမြို့သားများကို "မိမိတွင် အပျိုစင် သမီးနှစ်ယောက်ရှိပါသည်။ သူတို့ကို ပြုချင်ရာ ပြုနိုင်ပါသည်" ဟု ပြောသည့် တိုင်အောင် လက်မခံနိုင်ဘဲ လောတ၏ ဧည့်သည်များကိုသာ တွင်တွင် တောင်းဆိုနေတော့သည်။

ဤသည်မှာ သောဒုံမြို့သားများ၏ အပြစ်ပင်ဖြစ်သည်။ ထိုအကြောင်းကြောင့် ပင် ထိုမြို့ကို ဖျက်စီးပစ်ရန် ဘုရားသခင်က ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်သည်။
ဝတ်ပြုရာ ၁၈း၂၂-၃၀ အထိ ဖတ်ကြည့်လိုက်ပါလျှင် ယောင်္ကျားချင်း ရွံ့ရှာ ဘွယ်အမှုကို ပြုသောသူသည် အမျိုးထဲမှာ မရှိသင့်၊ ထိုသူကို မိမိအမျိုးက ထုပ်ပယ်ရမည်ဟု ဖော်ပြထားသည်။ ဘုရားသခင်က ထိုကဲ့သို့သောလူမျိုးကို လုံးဝလက်မခံနိုင်ကြောင်း သိနိုင်ပါသည်။
ဝတ်ပြုရာ ၂၀း ၁၃ တွင် မိန်းမနှင့် နေသကဲ့သို့ ယောင်္ကျားချင်း နေသူတို့ကို မီးနှင့် ရှို့ရမည်ဟု ထင်ရှားစွာ ဖော်ပြထားသည်။ ဓမ္မဟောင်းကာလတွင် ထိုသူတို့ကို ဘုရားသခင်က အလွန် ရွံ့ရှာကြောင်း ဖော်ပြချက် သက်သေ ပင်ဖြစ်သည်။
ရှောလမုန်၏သားဖြစ်သူ ယောဗောင်ဘုရင်လက်ထက်တွင် ယုဒတိုင်းပြည် တွင် ယောင်္ကျားလျာများ ပေါများလာသည်။ဘုရားသခင်၏ အမျက်တော် ကို နိုးဆော်သော လုပ်ရပ်အဖြစ် ကျမ်းစာက သတ်မှတ်ထားလေသည်။ (၃ရာ ၁၄း၂၄)
ယောရှဖတ် ဘုရင်သည် ဘုရားသခင်၏ ပညတ်များကို တန်ဘိုး ထား လေးစားလိုက်နာသူဖြစ်သောကြောင့် ထိုကဲ့သို့သော ယောင်္ကျား လျာများကို ပြည်တော်မှ သုတ်သင်ပယ်ရှင်းလိုက်လေသည်။ (၃ရာ ၂၂း၄၆)
ဓမ္မသစ်ကျမ်းတွင် ထိုကဲ့သို့သော အပြုအမူရှိသောသူများကို သေပြစ်ကို ခံထိုက်သူများဟု ရှင်ပေါလုက သတ်မှတ် လိုက်လေသည်။ (ရောမ ၁း၂၇-၃၀)
ထိုသို့သောသူများကို ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရစေရန် ဓမ္မသစ်ကျမ်းတွင် ထင်ရှားစွာ သတ်မှတ်ပြဌာန်းထားသည်ကို သတိရပါ။ (၁ကော ၆း၉-၁၀)
ယုဒကျမ်း ၇-၈ တွင် ဖော်ပြထားသည်မှာ သောဒုံနှင့် ဂေါမောရတွင် ရှိသောသူများကို ဘုရားသခင်က ချက်ချင်းပင် စီရင်လိုက်ကြောင်း ထပ်မံ၍ အထင်အရှား ဖော်ပြပြန်သည်။
ဘုရားသခင် မုန်းတီးသော လိင်တူဆက်ဆံခြင်းအမှုသည် ကျွန်ုပ်တို့ ခရစ်ယာန် ယုံကြည်သူများတွင် လုံးဝမရှိသင့်သော အရာဖြစ်ကြောင်း သတိပေးရေးသားလိုက်ပါသည်။
You might also like:

No comments:

Post a Comment

 Blogger