Saturday, March 29, 2014

ယေရှုကို စိတ်နှလုံးထဲက သိပါသလား

ဘုရားသခင်၏ကျမ်းစာ
ယေရှုကို စိတ်နှလုံးထဲက သိပါသလား
ထာဝရအသက် ဟူမူကား၊ မှန်သောဘုရားသခင် တဆူတည်းဖြစ်တော် မူသော ကိုယ်တော်ကို၎င်း၊ စေလွှတ်တော်မူသော ယေရှုခရစ် ကို၎င်း သိကျွမ်းခြင်းတည်း။ (ယောဟန် ၁၇း၃)
ဂရိဘာသာဖြင့် ရေးသားထားသော ဂရိကျမ်းစာတွင် "သိသည်" ဟူသော ကြိယာစကားလုံးကို (၂) မျိုးရေးသားနိုင်သည်။ ပထမ တစ်လုံးမှာ oida (οἴδα) ဖြစ်ပြီး ဒုတိယတစ်လုံးမှာ ginosko (γινώσκω) ဟူ၍ ဖြစ်ပါသည်။ သို့သော် အသုံးပြုပုံမှာ မတူညီပါ။

ပထမ တစ်လုံး oida ကို ကာယကံရှင်ကိုယ်တိုင် သိမြင်ပြီ ပြောသည့်အခါ၊ စိတ်နှလုံးထဲက နက်နဲစွာ သိသည်ဟု ပြောသည့်အခါတွင် အသုံးပြု သည်။ ယေရှုပြောသည့်အခါတိုင်း oida ကို အသုံးပြုသည်။ ဥပမာ - လုကာ ၅း၆ တွင် "ထိုသူသည် တုံးလုံး နေသည်ကို ယေရှုမြင်တော်မူ၍ ကြာလှပြီဟု သိတော်မူလျှင်"
ဒုတိယမှာ ginosko ကို ကိုယ်တိုင် မမြင်သော်လည်း သိသည်ဟု ပြောလို သည့်အခါ အသုံးပြုသည်။ တစ်စုံတစ်ခုကို သင်ယူသောအခါ သိလာ သည်၊ လေ့လာပြီးသောအခါ သိလာသည်၊ စသည်ဖြင့် ပြောလိုသောအခါ အသုံးပြုသည်။ ဥပမာ ကမ္ဘာကြီး လုံးသည်ဆိုသည့်အကြောင်းကို တကယ် ကိုယ်တိုင် အာကာသတွင် သွားရောက်မကြည့် မမြင်ခဲ့ရသော်လည်း စာအုပ် ဖတ်ပြီး သိလာသည်၊ လေ့လာသောကြောင့် သိလာသည် အစရှိသဖြင့် အသုံးပြုပါသည်။
အထက်က ဖော်ပြသော ယောဟန် ၁၇း၃ တွင် ရေးသားထားသည့် ဘုရားသခင်နှင့် ယေရှုခရစ်တော်ကို သိကျွမ်းခြင်း ဟူသည်မှာ စာဖတ်ဘူး၍ သိခြင်းမျိုး၊ အဖေအမေ ပြော၍ သိခြင်းမျိုး၊ ဘာသာရေး အသိတစ် မျိုးလောက်သာ သိခြင်းမျိုး မဟုတ်ပါ။ အသက်တာထဲတွင် ထိုယေရှုခရစ်တော်ကို အမှန်တကယ် ကိုယ်တိုင်ခံစားပြီး၊ ထိုယေရှုကို မိမိ၏ နှလုံးသားထဲတွင် ခေါ်ဖိတ်ပြီး ထိုသခင်ကို နက်ရှိုင်းစွာ သိကျွမ်းခြင်း ရှိရပါမည်။
ယေရှုကို သင်အမှန်တကယ် သိကျွမ်းသော အသက်တာ ရှိပါသလား။ Oida ဆိုသော သိခြင်းမျိုးနှင့် သိပါသလား။
You might also like:

No comments:

Post a Comment

 Blogger